လွေးဇွန်မိုး၊ ဧပြီ ၂၃ ရက်၊ နမ့်ဆန်

လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်ပြီး တအာင်းဒေသ နမ့်ဆန်မြို့နယ် အရှေ့လုံတောက်ရွာက အသက် ၅ နှစ်အရွယ် လွေးဆိုင်မွန်းခေါ် သီရိရတနာထွန်းနဲ့ ၈ နှစ်အရွယ် ကြယ်စင်အောင်ခေါ် ခွန်ရီတို့ မောင်နှမနှစ်ဦး ဒဏ်ရာ အပြင်းအထန် ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက် နေ့လယ် ၂ နာရီဝန်းကျင်က အရှေ့လုံတောက်နဲ့ မန်လန်းရွာကြားရှိ လက်ဖက်ခြံထဲ မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံး ယူဆော့မိရာကနေ ပေါက်ကွဲခဲ့တာကြောင့် လွေးဆဲင်မွန်းရဲ့ ဝမ်းဗိုက်နဲ့ ခွန်ရီရဲ့ ပါးမှာ ဒဏ်ရာ ရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“လက်ပစ်ဗုံးက အလုံးမဟုတ်ဘူး။ နည်းနည်းရှည်တဲ့ဟာလေ။ ကလေးက အဲလက်ပစ်ဗုံး ယူပြီးတော့ အဖုံးဖွင့်ပြီး ကြိုးဆွဲမိတာပေါ့။ ကြိုးဆွဲမိတဲ့အခါကျတော့ အသံမြည်တာပေါ့နော် အသံမြည်တော့ သူက လွှင့်ပစ်လိုက်တာ။ ကလေးကျတော့ မပြေးနိုင်တော့ ထိသွားတာ။ မိန်းကလေးတော့ ဗိုက်ထိတယ်။ ဒဏ်ရာတော့ တော်တော်ပြင်းထန်တယ်။ ဗိုက်တွေကော အစာအိမ်တွေကော အကုန်ထိတယ်။ ယောက်ျားလေးတော့ ပါးထိတယ်။ ပါးထိတော့ သူက အံကပ်ပါ ထိသွားတာ။ အံကပ်ကျတော့ စတီး ထည့်ရမှာ။ အနောက်ထိ ပေါက်တယ်”

လက်ရှိမှာတော့ ဒဏ်ရာရတဲ့ လွေးဆဲင်မွန်းနဲ့ ခွန်ရီတို့ကို နမ့်ခမ်း ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူဖို့ ပို့ဆောင်ထားပြီး ငွေကြေးအကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။

အဲဒီလက်ဖက်ခြံအနီးကို တအာင်းတပ်မတော်ရဲ့ တပ်သားတွေ မကြာခဏ ဖြတ်သန်းသွားလာတာ ရှိသလို လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း မန်လန်းရွာအနီးဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ဖြစ်ပွားခဲ့ဖူးခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။