ခိုင်လေး၊ ဇန်နဝါရီ ၂၇ ရက်၊ မကွေး

မကွေးတိုင်း အမ်း-ပဒါန်းလမ်းကနေ တစ်ပတ်ကျော်အတွင်း ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားကို အရှို ချင်းကာကွယ်ရေးတပ်- CDF Asho က ပိတ်ဆို့တိုက်ခိုက်ရာ စစ်သုံ့ပန်း ၁၇ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ CDF Asho က ဒီနေ့ ဇန်နဝါရီ ၂၇ ရက်မှာ ထုတ်ပြန်လာပါတယ်။

အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုမရှိဘဲ တိုက်ပွဲအတွင်း ထွက်ပြေးလာတဲ့ စစ်သားကို ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ CDF Asho မှ တာဝန်ရှိသူ ဆလိုင်း ရိုးချင်းက ရွှေဖီမြေကိုပြောပါတယ်။

“တစ်ယောက်တစ်ဖွဲ့ နှစ်ယောက်တစ်ဖွဲ့ လေးယောက်တစ်ဖွဲ့ ငါးယောက်တစ်ဖွဲ့ ပုံစံအမျိုးမျိုး ပြေးလာတာ။ မကွေးတိုင်းကို ရောက်လာတော့ ကျနော်တို့ဘက်ကတားဆီးဖမ်းဆီးတာပါဗျ။ အလံဖြူထောင်ပြီး အလင်းဝင်လာတယ်လို့လည်း ပြောလို့မရဘူး။ တချို့က တိုက်ပွဲကနေ ရှုံးပြီး ထွက်ပြေးလာတာ ရှိသလို သူတို့တပ်စွဲထားတဲ့ စခန်းကနေ ပြေးလာတာလည်း ရှိတယ်”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်ကစပြီး ၂၅ ရက်အထိ ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီး MA-1 ၅ လက်၊ MA-2 ၁ လက်၊ MA-4 ၁ လက်၊ MA-15 ၁ လက်အပြင် ခဲယမ်းတချို့နဲ့ စစ်အသုံးအဆောင်ပစ္စည်းလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်မှာလည်း အမ်းကနေ ထွက်ပြေးလာတဲ့ စစ်တပ်နဲ့ ACDF တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၅ ဦး သေဆုံးပြီးတော့ ၁၂ ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။

အလားတူ ဇန်နဝါရီ ၁၉ ရက်ကလည်း ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပိုင်းတစ်နေရာမှာ စခန်းစွန့်ခွာပြီး ထွက်ပြေးလာတဲ့ စစ်သား ၁၅ ဦးကို အရှိုချင်း CDF က တိုက်ခိုက်ရာ ၃ ဦး သေဆုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။