ဓာတ်ပုံ- ညီနောင်မဟာမိတ်

ရွှေဖီမြေ၊ ဧပြီ ၁၀ ရက်

ဒီနေ့ ဧပြီ ၁၀ ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော်- ULA/AA တည်ထောင်ခြင်း ၁၆ နှစ်ပြည့်မှာ ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုနဲ့အတူ တော်လှန်ရေး အောင်ပွဲအထိ စည်လုံးညီညွတ်ကြမယ်လို့ AA နဲ့ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ TNLA နဲ့ MNDAA က သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

တအာင်းတပ်၊ ကိုးကန့်တပ်နဲ့ အာရက္ခတပ်တော်တို့ ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ အခက်အခဲ၊ ဖိအား မျိုးစုံကို စည်းလုံးညီညွတ်စွာ ကျော်ဖြတ်ခဲ့ကြပြီး စစ်ဆင်ရေးအောင်မြင်မှုနဲ့အတူ တော်လှန်ရေး အောင်ပွဲအထိ စည်းလုံးညီညွတ်ကြမယ်လို့ ဆိုပါတယ်။

အမျိုးသား လွတ်မြောက်ရေးအတွက် ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးကြမ်းမှာ အာရက္ခအိပ်မက်ကို အကောင်အထည် ဖော်ခဲ့ကြတဲ့ အာရက္ခအာဇာနည်တွေကို လေးစားဂုဏ်ယူပြီး အာရက္ခတို့ရဲ့ နိုင်ငံရေးအိပ်မက်ဟာ မကြာမီ အပြည့်အဝ ရောက်ရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ AA တည်ထောင်ခြင်း ၁၆ နှစ်ပြည့်မှာ နွေဦးတော်လှန်ရေးတပ်တွေဖြစ်တဲ့ မန္တလေး PDF၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF အပါအဝင် တော်လှန်ရေး အင်အားစုတွေ သဝဏ်လွှာ ပေးပို့ခဲ့တာကို တွေ့ရပါတယ်။

AA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ချင်းပြည်နယ်က ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်နယ်က မြို့ပေါင်း ၁၅ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့မှာဘဲ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်တာ ဖြစ်ပါတယ်။

AA ကို ကချင်တပ်မတော်- KIA ဌာနချုပ် လိုင်ဇာမှာ စတင်တည်ထောင်ခဲ့ပြီး လက်ရှိမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲ အင်အား တောင့်တင်းတဲ့ လက်နက်ကိုင်တပ် ဖြစ်​လာခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။