ရွှေဖီမြေ၊ ဇန်နဝါရီ ၁၄ ရက်၊ မုံရွာ

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အခြေစိုက်တဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ အရာတော်မြို့ဘက် စစ်အင်အားဖြည့်ဖို့ သွားတဲ့ စစ်ယာဥ်တန်းနဲ့ စစ်ကြောင်းကို မုံရွာ-အရာတော် လမ်းပိုင်းတစ်နေရာမှာ ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၆ ဦး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက် မနက် ၁၀ နာရီခွဲကနေ နေ့လယ် ၁၂ နာရီအထိ ကြားဖြတ်တိုက်ခိုက်ရာ စစ်သုံ့ပန်း ၇ ဦးကို အရှင်ဖမ်းမိပြီး ကား ၅ စီးနဲ့ လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၂၄) တပ်ရင်းက ဒီနေ့ ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်လာပါတယ်။

၁၂၂ မမ ဟောင်ဝှစ်ဇာ အမြောက်ဆံ ၁၅ လုံး၊ RPG ဗုံးသီး အလုံး ၂၀၊ 5.56 ကျည် ၄ ထောင်တောင့်၊ 7.62 ကျည် ၅ ထောင်တောင့်၊ ဒရုန်းဗုံးသီး ၂၀ လုံး၊ ၆၀ မမ ၂၇ လုံး၊ မိုင်းမျိုးစုံ ၃၀၊ နင်းမိုင်း ၄၅ လုံး၊ Jammer စက်ကြီး ၃ လုံး၊ စက်အသေး ၂ လုံး၊ G3 ၂ လက်၊ MA4 ၁ လက်၊ Uzi ၁ လက်၊ ၄၀ မမ ၃ လုံး၊ ကျောပိုးအိတ် ၅ လုံး၊ Uniform ၂ စုံနဲ့အတူ အခြားဆက်စပ်ခဲယမ်းလည်း သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း မုံရွာမြို့နယ် ကျောက်စစ်ပုံ အမြှောက်တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီး ၅ လုံး ပစ်ကူပေးခဲ့ပြီး မြေပြင်စစ်ကြောင်းကနေလည်း စစ်‌ေကြာင်းထိုး တိုက်ခိုက်ခဲ့တာကြောင့် မုံရွာခရိုင်အမှတ်(၂၄) တပ်ရင်းမှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ရဲဘော် အုတ်ကြိုးခေါ် သန်းထိုက်ဦးကို မုံရွာခရိုင် အမှတ်(၂၄) တပ်ရင်း Monywa Ranger Group/Truth Army က ဖက်ဒရယ်သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဂုဏ်ပြု ပေးသွားမှာဖြစ်ပြီး ကျန်ရစ်တဲ့ မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းကြောင်း ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

မုံရွာခရိုင် အမှတ်(၂၄) တပ်ရင်းနဲ့အတူ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး- BLDF၊ မုံရွာခရိုင် ဗျူဟာ ၆၆ စစ်ကြောင်း (မုံရွာခရိုင် အမှတ် ၁၉၊ ၂၆၊ ၂၁)တပ်ရင်း၊ မုံရွာခရိုင် တပ်ရင်း (၂၀၊ ၂၂၊ ၁၈၊ ၂၇)၊ အရာတော်မြို့နယ် ပကဖ၊ အရာတော်မြို့နယ် ပကဖ တိုက်နယ် အမှတ် (၁၀၊ ၁၁)၊ မုံရွာမြို့နယ် ပကဖ တိုက်နယ်အမှတ် ၂၊ အရာတော်မြို့နယ် ပလဖ၊ Golden Eagle Force၊ Venomous Revolution Force၊ Special Revolution Force အဖွဲ့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။