ဓာတ်ပုံ- Local

မြတ်နိုး၊ ဇန်နဝါရီ ၁၂ ရက်၊ တနိုင်း

ကချင်ပြည်နယ် တနိုင်းမြို့နယ်က စံလွန်(သံလွင်) ရွှေမှော်ကို လေယာဉ်နဲ့ ဗုံးကြဲလို့ အသက် ၁ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား သေဆုံးမှု များပြီး ဒဏ်ရာ ရသူလည်း ရှိခဲ့ပါတယ်။

မနေ့ ဇန်နဝါရီ ၁၁ ရက် မနက် ၁၁ နာရီခွဲကျော်မှာ စစ်‌ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရသူအပြင် ပျောက်ဆုံးနေသူလည်း ရှိနေသေးကြောင်း ဒေသခံတွေက ပြောပါတယ်။

“တနိုင်းဘက်က ရွှေမှော်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံး ၂ ခါ လာကြဲပြန်တယ်။ ဈေးဆိုင်တန်းဘက် ထိတယ်။ ဈေး​ေရာင်းသူ‌တွေရော ထိ၊ ဆိုင်‌တွေလည်း ပျက်ကုန်တယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အရပ်သား ၁၅ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရကာ ပျောက်ဆုံးသူလည်း ရှိနေ‌သေးတယ်လို့ သူက ပြောပါတယ်။

သေဆုံးသူတွေဟာ မခမ်းစိန် (၃၇ နှစ်)၊ မထွေးလင်း (၂၆ နှစ်)၊ မအေဟွမ်း (၂၈ နှစ်)၊ ကောင်းဆက်ထွန်း (၅ နှစ်)၊ ဖွေးဟော်မ် (၁ နှစ်)၊ မထွေးကြည် (၄၁ နှစ်)၊ ဂျပု၊ အားပန်၊ မောင်မင်းနေစိုး (၂၂ နှစ်)၊ ဒေါ်ရွှေမီး (၆၀ နှစ်)၊ မသက်ဝေမြင့် (၂၅ နှစ်)၊ ကိုခိုင်၊ လှိုင်ဟိန်းထက်၊ ဒေါ်နန်မွန်း၊ ရဝမ်ဇော်အောင်တို့ ဖြစ်တယ်လို့ ဒေသခံတွက ပြောပါတယ်။

စိုင်းသီဟ (၂၀ နှစ်)၊ အိအိအောင် (၂၁ နှစ်)၊ မျိုးမင်းသူ (၃၂ နှစ်)၊ ဖြိုးကျော် (၃၂ နှစ်)၊ ကိုနာဂ၊ မိစူ (၃၃ နှစ်)၊ မမြစိုး (၂၉ နှစ်)၊ ဆိုင်းအိန် (၄၂ နှစ်)၊ ဆင်ဝါး၊ လုံပူဆိုင်းခေါန် (၂၁ နှစ်)တို့ကတော့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး ပျောက်ဆုံးနေသူလည်း ရှိသေးတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီက အခု စစ်ရေးနဲ့မဆိုင်တဲ့ နေရာတွေကိုလည်း မခွဲခြားတော့ဘူး။ ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး သတိလက်လွှတ် နေလို့ကို မရတော့ဘူး။ ဗုံးက ကြဲချင်တဲ့နေရာ ကြဲနေတာ” လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားတဲ့နေရာ မဟုတ်ရင်လည်း လေကြောင်းအန္တရာယ် စိုးရိမ်ရတာကြောင့် ဘယ်နေရာပဲဖြစ်ဖြစ် အရပ်သားတွေအတွက် လုံခြုံမှု မရှိဘူးလို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်မှာတော့ KIA တပ်ဖွဲ့ကို ဆက်ကြေး ပေးဆောင်ပြီး ရွှေ တူးဖော်နေသူတွေကို ဗုံးကြဲခဲ့ကြောင်း ရေးသားထားပါတယ်။

လေကြောင်းရန်ကို စောင့်ကြည့်ကာ မှတ်တမ်း ယူနေတဲ့ National Air Scout (NAS)ကတော့ မနေ့မနက် ၁၁ နာရီ ၄၅ မိနစ်မှာ တနိုင်းမြို့နယ် သံလွင် ရွှေမှော်သို့ တံတားဦး လေတပ်မှ တက်လာတဲ့ Yak-130 Fighter Jet ၁ စီးနဲ့ အကြောင်းမဲ့ ဗုံး ၂ လုံး ကြဲချခဲ့ကြောင်း မှတ်တမ်း တင်ထားတာကို တွေ့ရပါတယ်။

၇၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့မှာ စစ်ကောင်စီ‌ခေါင်းဆာင် မင်းအောင်လှိုင်က လက်ရှိအချိန်မှာ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွား‌ရေး၊ လူမှုရေးကဏ္ဍပေါင်းစုံ ဆောင်ရွက်နေတဲ့ကာလဖြစ်ကြောင်း၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်နိုင်ရေး၊ တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေး ရရှိစေရေးတို့အတွက် တို့တာဝန် အရေးသုံးပါးနဲ့အညီ ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပေမဲ့ လက်တွေ့မှာတော့ စစ်ရေးပစ်မှတ် မဟုတ်တဲ့ နေရာ‌တွေကို လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်‌နေတာကို ခပ်စိပ်စိပ် တွေ့လာရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။