ပို့လဘား၊ မတ်လ ၁၅ ရက်၊ မိုးဗြဲ

ရှမ်းတောင်နဲ့ ကရင်နီနယ်စပ် ရှမ်းတောင် ဖယ်ခုံမြို့နယ် မိုး‌ဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၅ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ရှမ်းတောင်စစ်‌ဒေသခွဲ ဗျူဟာ(၁)ရဲ့ သတင်းပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ‌မတ်လ ၁၄ ရက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးခဲ့သလို လက်နက် ၉ လက်နဲ့ ဆက်စပ်ပစ္စည်းလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။

ရှမ်းတောင်စစ်‌ဒေသခွဲ ဗျူဟာ(၁)ရဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “မနေ့ကတော့ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဘက်က အထိအခိုက် ရှိတာပေါ့။ သူ(စစ်ကောင်စီ)တို့ ဆုတ်ခါနီး အဆိပ်ငွေ့ဗုံး သုံးတာတွေ ရှိတယ်။ အခုလက်ရှိ တိုက်ပွဲကတော့ ငြိမ်နေတယ်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF ရဲ့ တပ်ရင်း ၃ ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ တပ်ရင်း ၃ က ဒီနေ့ မတ်လ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်တပ်က မိုးဗြဲမြို့‌အတွင်း ဓာတ်ငွေ့ဗုံးနဲ့ မီးလောင်ဗုံး အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် မတ်လအတွင်း ဒေသခံနေအိမ် ၁၅ လုံးကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်မှာ စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီး အသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့က ရှေ့တန်းနေရာတချို့ကနေ ဆုတ်ခွာပေးခဲ့ရတယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။