ရွှေဖီမြေ၊ ဩဂုတ် ၁၄ ရက်၊ ရေဖြူ
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီး စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ရာမည မွန်တပ်တော်- RMA က ထုတ်ပြန်လာပါတယ်။
မနေ့ ဩဂုတ် ၁၃ ရက် မနက် ၁၁ ခွဲခန့်မှာ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ် ၄၀၉၊ ၄၁၀၊ ၂၈၂ တပ်ရင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၄ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာ ရရှိတာနဲ့အတူ တော်လှန်ရေးတပ်ဘက်ကလည်း ၁၀ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲကို RMA အပြင် မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့- MSRF၊ ကရင်တပ်မတော်- KNLA တပ်ရင်း ၂၇၊ ကြယ်လင်းရောင်တပ်ရင်း- KTLA၊ နည်းဗျူဟာ ၃၃ စစ်ဆင်ရေးတပ်ဖွဲ့၊ ဒေါနတပ်ရင်း ၂ YGF နဲ့ ဒေါနတပ်ရင်း- KBDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်ကလည်း ရေဖြူမြို့နယ် နတ်အိမ်တောင်စခန်းကို အင်အား ၆၀ ခန့်နဲ့ စစ်ကူလာတဲ့ စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၄ ဦး သေဆုံးပြီး လက်နက်တချို့လည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။