ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၄ ရက်

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ဒေသမှာ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာ ရခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

အဲဒီအထဲမှာ နောင်ချိုက သေဆုံးသူ ၉ ဦးနဲ့ ဒဏ်ရာရသူ ၃ ဦး၊ ကျောက်မဲက သေဆုံးသူ ၄ ဦးနဲ့ ဒဏ်ရာရသူ ၂၃ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လေကြောင်း တိုက်ခိုက်မှုကြောင့် မိုးကုတ်၊ နောင်ချိုနဲ့ ကျောက်မဲမြို့မှာ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၂၀ ကျော်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်ဟာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ TNLA ထိန်းချုပ်ထားတဲ့ဒေသက လူထုတွေကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာလို့လည်း ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၄ နှစ်အတွင်း နိုင်ငံတဝန်းမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၈ ထောင်ကျော် ပြုလုပ်ခဲ့ပြီး အဲဒီအထဲမှာ ရှမ်းပြည်နယ်က အများဆုံးဖြစ်တယ်လို့ ISP Myanmar က မနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။