မိုင်းရူပ၊ မတ်လ ၂၈ ရက်၊ သပိတ်ကျင်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာ တိုက်ပွဲမှာ မိုးကုတ်ဗျူဟာ တပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးခဲ့တယ်လို့ မိုးကုတ်ဗျူဟာက ဒီနေ့ မတ်လ ၂၈ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်က ၇ မိုင် တိုက်ပွဲမှာ မိုးကုတ်ဗျူဟာရဲ့ တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ရဲဘော် နေလင်း၊ ငဇော်၊ ပေတူး၊ ရွှေငါး၊ ဆလိုဆိုင်း၊ စတုန်း၊ အောင်ကျော်မိုး၊ သက်အောင်၊ ဟိန်းထက်အောင်၊ ဂူးလေး၊ ခိခိနဲ့ ဟိန်းမင်းဇော်တို့ဟာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၅ ရက်ကစပြီး မိုးကုတ်ဗျူဟာနဲ့ ပူးပေါင်းတပ်ဖွဲ့ တည်ရှိရာကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နှစ်ဖက်အထိအခိုက် များတယ်လို့ ၇ မိုင် တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“၅ ရက်နေ့ကတည်းက စစ်ကောင်စီတွေ ထိုးနေတာ။ အထိအခိုက် များတယ်။ အဓိက ဒရုန်းပေါ့။ စကစတွေ ဒရုန်း ပိုကောင်းလာတယ်”

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လကတည်းက ၇ မိုင်ကျေးရွာမှာ စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေအကြား တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

၇ မိုင် တိုက်ပွဲမှာ တအာင်းတပ်မတော်- TNLA၊ မိုးကုတ်ဗျူဟာနဲ့ မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့က စစ်တပ်ကို တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။

ရှမ်းမြောက် မိုးမိတ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကို တအာင်းတပ်မတော် သိမ်းပိုက်ပြီးနောက် မိုးမိတ်၊ မိုးကုတ်ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၇ မိုင်ရှိ စစ်တပ်နဲ့ သွားရောက် ပူးပေါင်းခဲ့ပါတယ်။

သပိတ်ကျင်းမြို့ကို ပြီးခဲ့တဲ့ ၂ဝ၂၄ ဩဂုတ် ၃၀ ရက်မှာ တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ ၇ မိုင်တပ်စခန်း၊ ကျောက်ကြီးတပ်စခန်းနဲ့ တန်းမြင့်လေ့ကျင့်ရေးကျောင်း အမှတ် ၁၃ တပ် ကျန်ရှိနေတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။