ဓာတ်ပုံ – Local

ပျားကြီး၊ ဇန်နဝါရီ ၁၄ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် စပေါ့ကျေးရွာ ရတနာအဓိပတိ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံ နွံကန် ပေါက်မှုကြောင့် ကလေးငယ် ၄ ဦးအပါအဝင် သေဆုံးသူ ၁၂ ဦးအထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၁၂ ရက် မနက် ၁ နာရီခွဲဝန်းကျင်က မြေစာစွန့်ပစ်ရာ နွံကန် လျှံထွက်ပြီး စပေါ့ကျေးရွာ အမှတ် ၃ ရပ်ကွက်က နေအိမ်တွေကို နွံ ဖုံးလွှမ်းခဲ့တာကြောင့် လူသေဆုံးမှု ရှိနေတာ ဖြစ်ပါတယ်။

“ညသန်းခေါင်ကျော်ကြီး ဖြစ်တာဆိုတော့ ထွက်ပြေးချိန် မရလိုက်တာ။ တချို့ဆို မိသားစုလိုက် ပါသွားတာ။ အလောင်းတွေလည်း တော်တော်များများ ပြန်ရပြီ။ ကလေးနဲ့ အမျိုးသမီးတွေ များတယ်” လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူတွေထဲ အသက်အငယ်ဆုံးက ၂ နှစ်အရွယ် မောင်အောင်မျိုးထက်ဖြစ်ပြီး အမျိုးသမီးက ၆ ဦးအထိ ပါဝင်နေပါတယ်။

ကျောက်မျက်တူးဖော်ရေးကုမ္ပဏီရဲ့ မြေစာ စွန့်ပစ်ချိန်မှာ ဖိအားကြောင့် အောက်မှာရှိတဲ့ နွံတွေ ကန်ထွက်ပြီး အနီးအနားက နေအိမ်တွေပေါ် ဖုံးလွှမ်းခဲ့တာလို့ ဒေသခံတွေက ပြောဆိုပါတယ်။

အခုလို နွံတွေ ဖုံးလွှမ်းမှုကြောင့် မြေစာပုံအနီးအနားမှာရှိတဲ့ နေအိမ်ပေါင်း ၅၀ ကျော် ပြိုကျပျက်စီးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကိုလည်း ဒီနေ့မနက်ပိုင်းအထိ ဆက်လက် လုပ်ဆောင်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။