ဓာတ်ပုံ- CJ

အိုက်ပွီး၊ ဖေဖော်ဝါရီ ၁ ရက်၊ ကလေး

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကုက္ကုလ်ရွာမှာ လေကြောင်း ဗုံးကြဲခံရမှုကြောင့် စစ်ဘေးရှောင်ကလေးငယ် ၄ ဦးအပါအဝင် ၁၁ ဦး သေဆုံးခဲ့ပြီး ၃၀ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်က စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ကုက္ကုလ်ရွာ စာသင်ကျောင်းကို မနေ့ ဇန်နဝါရီ ၃၁ ရက် ညနေ ၅ နာရီခွဲမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“အခု လေကြောင်း ဗုံးကြဲခံရတဲ့ စာသင်ကျောင်းဟာ အရပ်သားတွေ စစ်ဘေးရှောင်တွေနေတဲ့နေရာပါ။ သေဆုံးတဲ့ သူတွေထဲဲမှာ ကလေးတွေ ပါတယ်။ အလောင်းတွေက အကုန်မရနိုင်သေးဘူး။ အလောင်းတွေကလည်း ခြေပြတ်၊ လက်ပြတ်၊ ခေါင်းပြတ်တွေနဲ့ပါ” လို့ ကလေးမြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

သေဆုံးသွားသူထဲ ကလေး ၄ ဦးနဲ့ အမျိုးသမီး ၇ ဦးလို့ သိရပြီး အလောင်းတွေကိုတော့ ဒီနေ့မနက်ပိုင်းထိ အကုန်မရနိုင်သေးဘဲ ရှာဖွေနေဆဲလို့ သိရပါတယ်။

ကုက္ကုလ်ရွာမှာ တိုက်ပွဲမရှိပဲ စစ်တပ်က စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကလေးမြို့နယ် တင်သားရွာက အရပ်ဘက် ကျေးလက်ဆေးခန်းကိုလည်း စစ်တပ်က မနေ့ညနေ ၅ နာရီခန့်မှာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“လူသေဆုံးမှုက မရှိဘူးပေါ့နော်။ ကျနော်တို့ အချိန်မှီ ဗုံးခိုကျင်းထဲ ပြေးပုန်းလို့လေ။ ကြီးကြီးမားမား ထိခိုက်မှု မရှိဘူး။ ဒဏ်ရာရတဲ့ သူတချို့တော့ ရှိပါတယ်” လို့ ကလေးမြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်တပ်ဟာ ဒီနေ့မနက်အထိ လေကြောင်း တိုက်ခိုက်ခဲ့တဲ့ နေရာတွေကို လေကြောင်းပျံသန်းမှု ရှိနေတာကြောင့် အနီးအနားကျေးရွာက ဒေသခံက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။