ဓာတ်ပုံ- CJ

အိုက်ပွီး၊ ဖေဖော်ဝါရီ ၁ ရက်၊ ကလေး

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကုက္ကုလ်ရွာမှာ လေကြောင်း ဗုံးကြဲခံရမှုကြောင့် စစ်ဘေးရှောင်ကလေးငယ် ၄ ဦးအပါအဝင် ၁၁ ဦး သေဆုံးခဲ့ပြီး ၃၀ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်က စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ကုက္ကုလ်ရွာ စာသင်ကျောင်းကို မနေ့ ဇန်နဝါရီ ၃၁ ရက် ညနေ ၅ နာရီခွဲမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“အခု လေကြောင်း ဗုံးကြဲခံရတဲ့ စာသင်ကျောင်းဟာ အရပ်သားတွေ စစ်ဘေးရှောင်တွေနေတဲ့နေရာပါ။ သေဆုံးတဲ့ သူတွေထဲဲမှာ ကလေးတွေ ပါတယ်။ အလောင်းတွေက အကုန်မရနိုင်သေးဘူး။ အလောင်းတွေကလည်း ခြေပြတ်၊ လက်ပြတ်၊ ခေါင်းပြတ်တွေနဲ့ပါ” လို့ ကလေးမြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

သေဆုံးသွားသူထဲ ကလေး ၄ ဦးနဲ့ အမျိုးသမီး ၇ ဦးလို့ သိရပြီး အလောင်းတွေကိုတော့ ဒီနေ့မနက်ပိုင်းထိ အကုန်မရနိုင်သေးဘဲ ရှာဖွေနေဆဲလို့ သိရပါတယ်။

ကုက္ကုလ်ရွာမှာ တိုက်ပွဲမရှိပဲ စစ်တပ်က စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကလေးမြို့နယ် တင်သားရွာက အရပ်ဘက် ကျေးလက်ဆေးခန်းကိုလည်း စစ်တပ်က မနေ့ညနေ ၅ နာရီခန့်မှာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“လူသေဆုံးမှုက မရှိဘူးပေါ့နော်။ ကျနော်တို့ အချိန်မှီ ဗုံးခိုကျင်းထဲ ပြေးပုန်းလို့လေ။ ကြီးကြီးမားမား ထိခိုက်မှု မရှိဘူး။ ဒဏ်ရာရတဲ့ သူတချို့တော့ ရှိပါတယ်” လို့ ကလေးမြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်တပ်ဟာ ဒီနေ့မနက်အထိ လေကြောင်း တိုက်ခိုက်ခဲ့တဲ့ နေရာတွေကို လေကြောင်းပျံသန်းမှု ရှိနေတာကြောင့် အနီးအနားကျေးရွာက ဒေသခံက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။