ဓာတ်ပုံ – Local

လွေးလာဝ်ဇာရ်၊ ဇန်နဝါရီ ၃၀ ရက်၊ ကန့်ဘလူ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့နဲ့အနီးနားရွာကနေ စစ်မှုထမ်းဖို့အတွက် ဒေသခံ ၁၀၀ နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မနေ့ ဇန်နဝါရီ ၂၉ ရက် မနက် ၉ နာရီမှာ ကန့်ဘလူမြို့နယ် ရဲမှူးအပါအဝင် ယူနီ‌ဖောင်းအပြည့်အစုံ ဝတ်ထားသူက ကား ၃ စီးနဲ့ ဝင်ရောက်လာပြီး ဒေသခံလူငယ်တွေကို အတင်းအဓမ္မ လိုက်လံ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မနက် ၁၀ နာရီမှာလည်း နဂါးပေါ်နဲ့ ပုပ္ပါးရွာထဲ ဝင်ရောက်လာပြီး ၎င်းတို့ဖမ်းဆီးထားတဲ့ ဒေသခံ ၁၀၀ နီးပါးကို ကား ၄ စီးနဲ့ ဇီးကုန်းသကြားစက်ရုံဘက် ခေါ်ဆောင်သွားကြောင်း သိရပါတယ်။

ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “အမျိုးသမီး ပါမပါတော့ မသိရသေးဘူး။ ပြန်လွှတ်လာတာလည်း တစ်ယောက်မှ မကြားရသေးဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကစပြီး ကန့်ဘလူမြို့နယ်အတွင်း ပျူစောထီးခေါင်းဆောင်ဝါသဝနဲ့ မြို့ပေါ်ရပ်ကွက်က အုပ်ချုပ်‌ရေးမှူး ဦးဆောင်ပြီး ကျေးရွာတချို့နဲ့ မြို့ပေါ်ရပ်ကွက်‌မှ လူငယ်တွေ စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှု ပိုများလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်မှာ ကန့်ဘလူမြို့အမှတ် ၂ ရပ်ကွက်ကနေ စစ်တပ် ဖမ်းဆီးသွားတဲ့ လူငယ် ၇ ဦးကိုလည်း ဒီနေ့အထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ ၎င်းက ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ၄ နှစ်နီးပါးကာလအတွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူနဲ့ အရပ်သား (၂၈,၄၀၅)ဦးကို ဖမ်းဆီးထားပြီး သေဆုံးသူ (၆,၂၂၄)ဦးအထိ ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP က မနေ့ ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။