ဓာတ်ပုံ – Local

မိုင်းရူပ၊ ဇန်နဝါရီ ၁၇ ရက်၊ အောင်ပန်း

ရှမ်းတောင် ကလောမြို့နယ် အောင်ပန်းမြို့ရဲစခန်းကနေ အချုပ်ခန်း ဖောက်ပြီး ထွက်ပြေးသွားတဲ့ အချုပ်သား ၁၀ ဦးကို ပြန်ဖမ်းမိပြီလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်မှာ အချုပ်သား ၁၀ ဦးက သေနတ် ယူကာ ထွက်ပြေးသွားတာဖြစ်ပြီး ထွက်ပြေးသွားသူတွေကို ရဲတပ်ဖွဲ့ဝင်က လိုက်လံ ရှာဖွေရာ မနေ့ ဇန်နဝါရီ ၁၆ ရက်မှာ ထွက်ပြေးခဲ့သူ အားလုံးကို ပြန်ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

“အကုန်လုံးတော့ ပြန်ရပြီလို့ ပြောတယ်။ မနေ့မှာ နောက်ဆုံးတစ်ယောက် မိတာ။ ယူသွားတဲ့ သေနတ်လည်း ပြန်ရပြီလို့ သိရတယ်” လို့ ဖြစ်စဥ်ကိုသိရှိတဲ့ အောင်ပန်းဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အောင်ပန်း ရဲစခန်းကနေ ထွက်ပြေးသွားသူတွေဟာ ခိုးမှုနဲ့ လူသတ်မှု ကျူးလွန်ထားသူဖြစ်ပြီး အားလုံးက အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

အောင်ပန်း ရဲစခန်းမှာ အခုလို အချုပ်သားတွေ ထွက်ပြေးတဲ့ဖြစ်စဥ်ဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ဘက်ကတော့ အောင်ပန်းမှာ ထွက်ပြေးသွားတဲ့ အချုပ်သားတွေကို ပြန်လည် ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။