ဓာတ်ပုံ – Local

မိုင်းရူပ၊ ဇန်နဝါရီ ၁၇ ရက်၊ အောင်ပန်း

ရှမ်းတောင် ကလောမြို့နယ် အောင်ပန်းမြို့ရဲစခန်းကနေ အချုပ်ခန်း ဖောက်ပြီး ထွက်ပြေးသွားတဲ့ အချုပ်သား ၁၀ ဦးကို ပြန်ဖမ်းမိပြီလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်မှာ အချုပ်သား ၁၀ ဦးက သေနတ် ယူကာ ထွက်ပြေးသွားတာဖြစ်ပြီး ထွက်ပြေးသွားသူတွေကို ရဲတပ်ဖွဲ့ဝင်က လိုက်လံ ရှာဖွေရာ မနေ့ ဇန်နဝါရီ ၁၆ ရက်မှာ ထွက်ပြေးခဲ့သူ အားလုံးကို ပြန်ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

“အကုန်လုံးတော့ ပြန်ရပြီလို့ ပြောတယ်။ မနေ့မှာ နောက်ဆုံးတစ်ယောက် မိတာ။ ယူသွားတဲ့ သေနတ်လည်း ပြန်ရပြီလို့ သိရတယ်” လို့ ဖြစ်စဥ်ကိုသိရှိတဲ့ အောင်ပန်းဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အောင်ပန်း ရဲစခန်းကနေ ထွက်ပြေးသွားသူတွေဟာ ခိုးမှုနဲ့ လူသတ်မှု ကျူးလွန်ထားသူဖြစ်ပြီး အားလုံးက အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

အောင်ပန်း ရဲစခန်းမှာ အခုလို အချုပ်သားတွေ ထွက်ပြေးတဲ့ဖြစ်စဥ်ဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ဘက်ကတော့ အောင်ပန်းမှာ ထွက်ပြေးသွားတဲ့ အချုပ်သားတွေကို ပြန်လည် ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။