ဓာတ်ပုံ – CJ

ယာရူစိင်၊ စက်တင်ဘာ ၂၉ ရက်၊ ဝိုင်းမော်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ဒေသခံ ၁၀ ဦးသေဆုံးခဲ့တယ်လို့ ဆဒုံးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ ၂၉ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ ဆဒုံးမြို့ကို စစ်ကောင်စီတပ်က ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူတွေအပြင် ဒဏ်ရာရသူ ၁၅ ဦးရှိတယ်လို့ ဆိုပါတယ်။

“ဗုံး ၂ လုံးကြဲသွားတာပါ။ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။ လက်ရှိအချိန်ထိတော့ ဒဏ်ရာရသူ ၁၅ ဦးရှိပါတယ်။ သေဆုံးသူထပ်တိုးနိုင်ပါတယ်”လို့ ဆဒုံးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဆဒုံးမြို့မှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ မြို့ဖြစ်ပြီး စစ်ကောင်စီတပ်ဟာ ဒေသခံလူထုတွေကိုသာ ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖားကန့်မှာ စစ်ကောင်စီတပ်နဲ့KIAတပ်တို့အကြား စစ်ရေးတင်းမာနေဆဲ ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေအပါ လေကြောင်းကနေလည်း မကြာခဏဆိုသလို ပစ်ခတ်ဗုံးကြဲတိုက်ခိုက်လေ့ရှိနေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။