ဓာတ်ပုံ- စစ်ကောင်စီ (မိုင်းဟဒေသအတွင်းက ကျားဖြန့် လုပ်ကိုင်သူကို ဖမ်းဆီးရမိခဲ့စဉ်)

လွေးလာဝ်ဇာရ်၊ ‌မတ်လ ၂ ရက်၊ မိုင်းရယ်

ရှမ်းမြောက် မိုင်းရယ်မြို့နယ် မိုင်းဟဒေသက ကျားဖြန့်ရုံတစ်ခုကို ဝင်ရောက်စီးနင်းချိန်မှာ ပစ်ခတ်မှုဖြစ်ပြီး ကျားဖြန့်လုပ်ကိုင်သူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ မိုင်းဟဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ပထမအပတ်မှာ ဖြစ်ပွားခဲ့ပြီး ပစ်ခတ်ခံရသူတွေထဲ တရုတ်လူမျိုး ၃ ဦး၊ မိုင်းဟဒေသခံ ၃ ဦးနဲ့ လုံခြုံရေး လုပ်ပေးနေသူ မိုင်းဟ ပြည်သူ့စစ် ၄ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

‌ဖြစ်စဉ်သိရှိသူ မိုင်းဟဒေသခံတစ်ဦးက “ဒီမိုင်းဟမှာ တိုင်းမှူးက ကျားဖြန့် ဝင်ဖမ်းတော့ ပစ်သတ်တာ။ ကျားဖြန်က လူ ၁၀ ယောက် သေတယ်။ ကျားဖြန့်ဝင်ဖမ်းတာ တိုက်ပွဲကျနေတာဘဲ။ ဒါပေမဲ့ သူတို့က အကုန်ဖုံးဖိတာ သတင်းပေးမထွက်ဘူး။ ဒဏ်ရာရတဲ့သူက ရှိမရှိတော့ မသိရဘူး” လို့ ပြောပါတယ်။

မိုင်းရယ်မှာ ကျားဖြန်တွေကို ဝင်ဖမ်းတယ်ဆိုတဲ့သတင်းက ဟန်ပြအ‌နေနဲ့ ဝင်ဖမ်းတယ်လို့သာ မြင်မိကြောင်း နောက်ထပ် မိုင်းရယ်ဒေသခံ အမျိူသမီးတစ်ဦးက ပြောပါတယ်။

“ကျမတို့ တွေ့ရသလောက်ဆို တစ်ကယ်မဖမ်းပါဘူး။ ဟန်ပြလောက်ဘဲ နည်းနည်းဘဲ ဖမ်းပြတာပါ။ ကျားဖြန် ရှိတဲ့နေရာနဲ့ သူတို့နေရာ ဝေးမှမဝေးဘဲ။ လူထောင်ကျော်ရှိတဲ့နေရာတွေမှ အများကြီးဘဲ။ တစ်ကယ့် လူအများကြီးရှိတဲ့နေရာကို မဝင်ဖမ်းဘူး။ နယ်မြေက အဲ့လောက်မှ မကျယ်တာကိုး ဖမ်းချင်လွယ်လွယ်လေးဘဲ”

တန့်ယန်း၊ မိုင်းရယ်၊ ဝမ်ဟိုင်း၊ ဟိုက်ပု ရေတံခွန် စတဲ့နေရာတွေမှာ ကျားဖြန်ရုံ အများဆုံးရှိတဲ့နေရာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ကနေ ၉ ရက်အထိ မိုင်းရယ်က ကျားဖြန့်လုပ်ငန်းမှာ လုံခြုံရေး ဆောင်ရွက်ပေးနေသူ ၅ ဦး၊ တရုတ်နိုင်ငံသား ၅၀ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈ ဦး၊ မြန်မာနိုင်ငံသား ၃၄ ဦး စုစုပေါင်း ၁၀၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။