ပျားကြီး၊ ဧပြီ ၁၀၊ မန္တလေး

ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန်ခံနေရတဲ့ မတ္တရာမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်က ဧရာဝတီမြစ်အရှေ့ဖက်ကမ်း၊ မတ္တရာမြို့နယ် အနောက်မြောက်အရပ်ကကျေးရွာတစ်ရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“ငလျင်ဒဏ်ကိုအလူးအလဲခံနေရတာ။ အကူအညီတွေလည်းလာလို့ မရအောင်လုပ်ထားတယ်။ ဒီကြားထဲအခုလိုလေယာဥ်နဲ့ဗုံးလာကြဲတာ။ အတော်ယုတ်ညံ့တဲ့စစ်တပ်ပဲဗျ”လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ဒီနေ့ ဧပြီလ ၁၀ရက်နေ့ နေ့လည် ၂နာရီတုန်းကလည်း ကောလင်းမြို့နယ် အင်ပင်လှရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးငယ်တစ်ဦး သေဆုံးသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီ ၂ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေပြီး ချင်းပြည်နယ်၊စစ်ကိုင်းတိုင်း၊မန္တလေးတိုင်းနဲ့ ရှမ်းမြောက်ကို အဓိက တိုက်ခိုက်နေတာဖြစ်ပြီး အဲတိုက်ခိုက်မှုကြောင့် ၂ရက်အတွင်း အရပ်သား ၄၀ထက်မနည်းသေဆုံးသွားခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။