Local

မိုင်းရူပ၊ ဇန်နဝါရီ ၁ ရက်၊ လွိုင်ကော်

တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ဆင်စခန်း စစ်ရှောင်စခန်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ဆင်စခန်း စစ်ရှောင်စခန်းမှာရှိတဲ့ စျေးဆိုင်ကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးပြီးတော့ ကလေးငယ် ၂ ဦးနဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

“ဆင်စခန်းလို့ခေါ်တဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီက နှစ်ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေသွားတယ်။ အမျိုးသားတစ်ဦး ခြေထောက် ပြတ်တယ်။ ကျောင်းသူတစ်ဦး ခေါင်း ထိမှန်တယ်။ ကလေးကတော့ ဗိုက်ထဲက အူ ထွက်သွားတယ်” လို့ KNDF ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။

ဒါအပြင် မနေ့ ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီဝန်းကျင်မှာ ဒီးမော့ဆို အနောက်ခြမ်းကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဒီးမော့ဆိုဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

စစ်တပ်ဘက်ကတော့ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်မှာလည်း ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် အနောက်ခြမ်းမှာ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု- PKPF ရဲ့ စာရင်းအရ စစ်တပ် အာဏာသိမ်းပြီး ၄ နှစ်နီးပါးအတွင်း စစ်ရှောင်နေစဥ် သေဆုံးခဲ့ရတဲ့ အရပ်သား ၁၇၀ ဦး ရှိပြီလို့ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။