ယာရူစိင်၊ စက်တင်ဘာ ၉ ရက်၊ မြေပုံ
ရခိုင်ပြည် မြေပုံမြို့နယ်မှာ စစ်ရှောင်အမျိုးသား ၁ ဦး မိုးကြိုးပစ်ခံတာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ စက်တင်ဘာ ၈ ရက် ညနေ ၆ နာရီမှာ မြေပုံမြို့နယ် ကြက်ရေကြီးရွာမှာ စစ်ရှောင်တွေ နေထိုင်ကြတဲ့ စာသင်ကျောင်းအနောက်ဘက်ရှိ ပုဇွန်တာမှာ ဂဏန်းထောင်နေချိန် မိုးကြိုးပစ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။
“သူက မြေပုံနယ်ဘက်ကို စစ်ရှောင်လာသူ ဖြစ်ပါတယ်။ ပုဇွန်ကန်က သူဂဏန်းမြုံးထောင်တဲ့နေရာနဲ့ သူတို့စစ်ရှောင်တဲ့ နေရာနဲ့ဆို သိပ်မဝေးဘူး”လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
သေဆုံးသွားသူဟာ အသက် ၅၆ နှစ်အရွယ် ဦးမောင်ချမ်းဖြစ်ပြီး ကျောက်ဖြူမြို့နယ် ဝပြေကျေးရွာက ဒေသခံဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၆ ရက်ကလည်း မြောက်ဦးမြို့နယ် သပြေကန်ကျေးရွာက အမျိုးသား ၁ ဦးလည်း လယ်ကွင်းဘက်ကို နွားရှာဖို့သွားနေချိန်မှာပဲ မိုးကြိုးပစ်ခံရလို့ သေဆုံးသွားတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွါးဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။