ဓာတ်ပုံ- Local

မြတ်နိုး၊ ဩဂုတ် ၈ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့် ဆိုင်းဝောာင်မှာ မနေ့ ဩဂုတ် ၇ ရက် ည ၉ နာရီကျော်က လက်နက်ကြီး ကျရောက်လို့ ကလေးငယ်အပါအဝင် ၅ ဦး ဒဏ်ရာရပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွဆီက သိရပါတယ်။

“ဆိုင်းတောင် ဆုတောင်းဝောာင်ဘက်ကျတာ လက်နက်ကြီးက။ ဆုတောင်းတောင်က ဘုရားကျောင်း အပေါ်နားမှာပဲ” လို့ ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

လက်နက်ကြီး ပေါက်ကွဲလို့ ၆ ဦး ဒဏ်ရာရရှိတဲ့အထဲက အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလို့ ဆိုပါတယ်။

“လက်နက်ကြီးသံကြားတော့ ၉ နာရီ ကျော်ပြီ။ မြေကြီးဝောာင်တုန်တယ်။ စစ်တပ်က ဖားကန့်ကနေ ဆိုင်းတောင်ဘက်ကို တိုက်ပွဲ မရှိဘဲနဲ့ လက်နက်ကြီး ရမ်းသမ်း ပစ်ထည့်တာ” လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ အမျိုးသမီးဟာ စစ်ရှောင် ဖြစ်တယ်လို့ ဆိုပါတယ်။

မနေ့ညနေပိုင်း ၄ နာရီခန့်ကလည်း ဖားကန့် အမှိုက်ပုံဘက် စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။