ဓာတ်ပုံ – KNU

လွေးထွေး၊ မေလ ၂၂ ရက်၊ မူးမြို့

ပဲခူးတိုင်း မူးမြို့နယ်မှာ စစ်ကောင်စီရဲ့တစ်ဖက်သတ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦးသေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင့် KNU ရဲ့ ဒီနေ့ မေလ ၂၂ ရက်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မေလ ၁၉ ရက်က ခမရ-၃၅၁နဲ့ ခလရ-၆၀ က ငထွေစုတ်ကျေးရွာဘက်ကို လက်နက်ကြီးပစ်ခတ်တာနဲ့ မေလ ၂၀ ရက်မှာလည်း နတ်သံကွင်းမှာ အခြေချထားတဲ့ စစ်ကောင်စီတပ်က ငနွားဆိပ်ကျေးရွာ၊ အညာစုကျေးရွာ၊ ရင်းတိုက်ကုန်းကျေးရွာ၊ နောင်ကုန်းကျေးရွာ၊ တောင်စုကျေးရွာ၊ ကြက်တက်ညောင်ပင် ကျေးရွာ၊ မရမ်းစိန်လေး၊ အရှေ့တောင်စု၊ အနောက်တောင်စုနဲ့ ကျွန်းကုန်းကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒို စောတောနီးက “အခုတလော ထိုင်းနယ်စပ်အနီးမှာ တိုက်ပွဲဖြစ်နေတာဖြစ်တယ်။ ခဏခဏလည်း စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်နေလို့ သူတို့က လူထုတွေကို ပြန်မဲတာဘဲဖြစ်တယ်။ လေကြောင်းနဲ့ရော လက်နက်ကြီးနဲ့ပါ ပတ်ပစ်လို့ တချို့ဒေသက လူထုတွေက ဘေးလွတ်ရာကို ‌ပြေးနေရတယ်” လို့ ပြောပါတယ်။

၎င်းပစ်ခတ်မှုကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး အသက် ၁၁ နှစ်အရွယ် ကလေး ၂ ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လူထိခိုက်သေဆုံးတာအပြင် အရပ်သားနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရသလို ဒေသခံတချို့လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆိုပါတယ်။

အပစ်အခတ်ရပ်စဲ‌ကြောင်း ကြေညာထားတဲ့ စစ်ကောင်စီတပ်ဟာ မြေပြင်မှာ ထိုးစစ်ဆင်နေတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေသလို လေကြောင်းကိုပါအသုံးပြုပြီး နေ့စဉ် တိုက်ခိုက်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးနေရတာတွေ ရှိနေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။