မိုင်းရူပ၊ ဇန်နဝါရီ ၁၀ ရက်၊ အောင်ပန်း
ရှမ်းတောင် ကလောမြို့နယ် အောင်ပန်းမြို့ ရဲစခန်းကနေ ရဲတပ်ဖွဲ့ဝင်နဲ့ အချုပ်သား ၁၀ ဦး သေနတ် ယူပြီး ရဲစခန်းကနေ ထွက်ပြေးသွားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
မနေ့ ဇန်နဝါရီ ၉ ရက် မနက် ၃ နာရီဝန်းကျင်မှာ ရဲတပ်ဖွဲ့ဝင်နဲ့ အချုပ်သား ၁၀ ဦးက သေနတ် ယူပြီး ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။
“မနက် ၃ နာရီဝန်းကျင်လောက်မှာ ထွက်ပြေးသွားတယ်လို့ သိရတယ်။ ၁၀ ဦး ထွက်ပြေးသွားတယ်လို့ သိရတယ်။ သတင်းဖုံးထားတော့ အသေးစိတ် မသိရသေးဘူး” လို့ ဖြစ်စဥ်ကို သိရှိတဲ့ အောင်ပန်းဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ရဲနဲ့ အချုပ်သားတွေ ထွက်ပြေးသွားပြီးနောက်ပိုင်း အောင်ပန်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်က စစ်ဆေးမှု တင်းကြပ်နေပြီး ထွက်ပြေးသွားသူတွေကို လိုက်လံ ရှာဖွေနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ရဲနဲ့ အချုပ်သား ထွက်ပြေးသွားတာကို စစ်ကောင်စီက သတင်း ဖုံးထားတာကြောင့် ထွက်ပြေးသွားသူရဲ့ အချက်အလက်အသေးစိတ်နဲ့ ယူသွားတဲ့ သေနတ်အရေအတွက်ကို မသိရသေးပါဘူး။
အောင်ပန်း ရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင်နဲ့ အချုပ်သားတွေ ထွက်ပြေးတဲ့ဖြစ်စဥ်ဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း သိရပါတယ်။