ရဲမာန်၊ ဇွန်လ ၂၃ ရက်၊ ကော့ကရိတ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းက ထီးကပလယ် တပ်စခန်းကို ၂၈ နှစ်အကြာမှာ ကရင်တပ်မတော်- KNU/KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ပြန်လည် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

KNLA နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်- PDF၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့- KNDO တို့ ပူးပေါင်းပြီး ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU က ဒီနေ့ ဇွန်လ ၂၃ ရက်မှာ ထုတ်ပြန်လာပါတယ်။

၁၉၉၇ ဖေဖော်ဝါရီမှာ ထီးကပလယ် တပ်စခန်းကို စစ်ကောင်စီတပ်က သိမ်းယူထားပြီးနောက် မနေ့ ဇွန်လ ၂၂ ရက်မှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

“ထီးကပလယ် တပ်စခန်း ကျသွားပြီဆို သူတို့အခြေအနေ သိပ်မကောင်းတော့ဘူး။ အရေးကြီးဆုံး နယ်စပ်စခန်းဖြစ်တဲ့ ထီးခီးကုန်သွယ်ရေးဇုန်ကလည်း ၉၀ ရာခိုင်နှုန်းကျော်‌လောက် ကျ‌နော်တို့လက်ထဲ ရောက်သွားပြီ” လို့ KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ရွှေဖီမြေကို ပြောပါတယ်။

ကရင်နီနယ်စပ်နဲ့ KNU ရဲ့ တပ်မဟာ ၅ တစ်ကြောလုံးမှာတော့ စစ်ကောင်စီတပ်စခန်း တစ်ခုမှ မရှိ‌တော့ဘဲ ဘုရားသုံးဆူမှာတော့ နယ်စပ်စခန်း ၂ ခု ကျန်သေးတယ်လို့ ၎င်းက ဆက်ပြောတယ်။

မာနယ်ပလော ဌာနချုပ်ကနေ ဆုတ်ခွာခဲ့ရပြီးနောက် ၁၉၉၅ မေလမှာ ထီးကပလယ် တပ်စခန်းကို KNU က ဌာနချုပ်သစ်အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ပြီးနောက် ၂ နှစ်အကြာမှာ စစ်ကောင်စီတပ်က ကျူးကျော်သိမ်းပိုက်ခဲ့တာလို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။