ဓာတ်ပုံ – CJ (ပုံဟောင်း)

ပျားကြီး၊ ဇွန်လ ၁၃ ရက်၊ ယင်းမာပင်

ဝမ်ပေါင်ကြေးနီစီမံကိန်းနယ်မြေအနီးမှာရှိတဲ့ ကျေးစာကျကျေးရွာက လူပေါင်း ၄၀ ကျော်ကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ စစ်ကောင်စီက ဒီနေ့ ဇွန်လ ၁၃ ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ပံတောင်းတောင်ဒေသကနေ ကြေးနီတွေ သယ်ယူမယ့် ယာဥ်တန်းကို အကာအကွယ်ပေးဖို့အတွက် အခုလို ဒေသခံပြည်သူတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

“မနေ့က ဝမ်ပေါင်ထဲကို ကြေးနီသယ်မယ့် ကားတွေ ဝင်သွားတယ်။ ဒီမနက်ကျ ကျေးစာကျရွာကို တိတ်တိတ်လေးဝင်စီးပြီး ရွာထဲတွေ့သမျှ အကုန်ဖမ်းသွားတာပဲ။ ကြေးနီကားတွေ သယ်ဖို့ လူသားဒိုင်းလုပ်မယ့်သဘောပဲ” လို့ လက်ပံတောင်းတောင် ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ပံတောင်းတောင်က ထွက်ရှိလာတဲ့ ကြေးနီတွေကို ယာဥ်တန်းတွေနဲ့ သယ်ယူရာမှာ မကြာခဏ မိုင်းဆွဲတိုက်ခိုက်မှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ခံရလေ့ရှိတာကြောင့် အခုနောက်ပိုင်းမှာ ဒေသခံတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေတာဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ခဲ့ပြီး လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေက ပုသိမ်-မုံရွာလမ်းပေါ်မှာ လူသားဒိုင်းအဖြစ် အသုံးပြုပြီး လုံခြုံရေး ကင်းယူထားတယ်လို့ အသက် ၅၅ နှစ်အရွယ် မျက်မြင်တွေ့သူ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

လက်ရှိအချိန်မှာ စစ်ကြောင်းထိုးမှုတွေ ဆက်ပြီးရှိနေသေးတာကြောင့် စီမံကိန်းဧရိယာ အနီးဝန်းကျင်မှာရှိတဲ့ ကျေးစာကျ၊ အုံတုံပင်၊ ထန်းတောကြီး၊ ဒုန်းတော၊ ဂုဏ်တောစတဲ့ ကျေးရွာပေါင်း ၂၀ ထက်မနည်းက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။