ပို့လဘား၊ ‌ဇွန်လ ၁၆ ရက်၊ ဆီဆိုင်

ရှမ်းတောင် ဆီဆိုင်မြို့နယ် တပူးထိုကျေးရွာရဲ့ ဒေသခံနေအိမ်ကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်-PNOတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA)က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်မှာ PNOတပ်က တပူးထိုကျေးရွာကို မီးရှို့ခဲ့တာဖြစ်ပြီး ဇွန်လ ၁၃ ရက်အထိ မီးလောင်ခဲ့တာ‌ကြောင့် နေအိမ် ၆ လုံး မီးလောင်ခဲ့တယ်လို့ ပြောပါတယ်။

PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “ရွာသားတွေကို မောင်းထုတ်ပြီးမကြာဘူး။ သူတို့မီးရှို့လိုက်တာပေါ့နော်။ တော်သေးလို့ မီးရှို့ပြီး နောက်ရက်မှာ မိုးလည်းရွာတာဆိုတော့ အိမ်တွေလည်း တစ်အိမ်နဲ့တစ်အိမ်မကပ်ဘူးဆိုတော့ မဟုတ်ရင် ရွာလုံးကျွတ်ပါသွားနိုင်တယ်”လို့ ပြောပါတယ်။

အဆိုပါ တပူးထိုရွာကို PNOတပ်က တပ်စွဲနေထိုင်တာ ၄ လကျော်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့မှာ ဒေသခံ‌ တွေကို PNO တပ်က ရွာအတွင်းကနေ မောင်ထုတ်ပြီးနောက် ကျေးရွာကို မီးရှို့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ ခုက ဒေသခံ ၆ ထောင်ကျော်ကိုလည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO က ကျေးရွာအတွင်းကနေ မောင်းထုတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ မောင်းထုတ်ခံရတဲ့ ဒေသခံတွေဟာ အခက်အခဲကြုံတွေ့နေရပြီး PNLA ဘက်က ၎င်းတို့ကို တတ်နိုင်သလောက် ကူညီပေးတာရှိသလို တတ်နိုင်တဲ့ အဖွဲ့အစည်းတွေကလည်း ဝိုင်းဝန်းကူညီပေးကြဖို့ တိုက်တွန်းထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။