ယာရူစိင်၊ ဇွန်လ ၁၃ ရက်၊ နမ့်ခမ်း
တအာင်းတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဟိုနားကျေးရွာမှာ စိတ်ကျန်းမာရေး ချို့ယွင်းသူတစ်ဦးက ကလေးငယ်တစ်ဦးကို ရိုက်နှက်ရာကနေ သေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက် နေ့လယ်က အိမ်ဘေးမှာ ဆော့ကစားနေတဲ့ ကလေးငယ်ကို စိတ်ကျန်းမာရေး ချို့ယွင်းတဲ့ အမျိုးသားက ရိုက်နှက်လို့ သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
“သူက စိတ်ကျန်းမာရေး ချို့ယွင်းသူတစ်ယောက်ပါ။ ကလေးကို ထင်းနဲ့ ရိုက်လိုက်တာ။ အဲကြောင့် ကလေးရဲ့ခေါင်းက သွေးတွေ ထွက်လွန်လို့ထင်တယ်။ ဆေးရုံပို့ဖို့ သွားတဲ့လမ်းမှာဘဲ အဲကလေးငယ်က အသက်မရှိတော့ဘူး”
အသက် ၅ နှစ်အရွယ် မောင်ထက်အောင်ရှိုင်းကို စိတ်ကျန်းမာရေး ချို့ယွင်းတဲ့ ဦးဆိုင်မောဝ်ဆိုသူက ရိုက်နှက်လို့ သေဆုံးခဲ့တာပါ။
ပြစ်မှုကျူးလွန်တဲ့ အမျိုးသားကိုတော့ တအာင်းရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးထားပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။