ပျားကြီး၊ ဇွန်လ ၁၃ ရက်၊ မန္တလေး

မန္တလေးမြို့မှာ စစ်ကောင်စီမွေးမြူထားတဲ့ ပျူစောထီးငယ်တွေရဲ့ ရမ်းကားမှုတွေဟာ နေစဥ်နီးပါးရှိနေပြီး လူငယ်တွေအပါအဝင် ရိုက်နှက်နှိပ်စက်ခံရမှုတွေ အများအပြားရှိလာတယ်လို့ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း အသက် ၁၃ နှစ်ကနေ ၁၆ နှစ်ကြားရှိတဲ့ လူငယ်တွေကို သတင်းပေးဖို့နဲ့ လက်တိုလက်တောင်း ခိုင်းစေဖို့အတွက် မွေးမြူထားတာဖြစ်ပြီး အခုနောက်ပိုင်းမှာ လုယက်ရမ်းကားမှုတွေပါ လုပ်ဆောင်ဖို့ ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။

“သူခိုး၊ ကြမ်းပိုးတွေနဲ့ မူးယစ်ဆေးစွဲနေတဲ့ ကလေးတွေကို မွေးထားတာပေါ့။ မြီးကောင်ပေါက်အရွယ်ဆိုတော့ မြှောက်ပေးရင် ဘာမဆိုလုပ်ကြတာပဲ။ သူတို့ရှေ့က ဖြတ်သွားလို့ ကြည့်မိရင်တောင် ပြဿနာလိုက်ရှာပြီး ရိုက်ကြနှက်ကြတာ။ တခါတလေဆို ဓားတွေပါ ပါတယ်။ ခဏခဏဖြစ်နေတာပဲ”လို့ အသက် ၅၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ပျူစောထီးငယ်တွေဟာ လူငယ်တွေနောက်ကိုလိုက်ပြီး ကန်ကြောက်ရိုက်နှက်နေတဲ့ Video file တစ်ခု လူမှုကွန်ရက်ပေါ်မှာ မြင်တွေ့ခဲ့ရပါတယ်။

ဒီလို ပျူစောထီးငယ်တွေ ရမ်းကားမှုဟာ စစ်ကောင်စီတွေ တပ်စွဲထားတဲ့ နေရာတွေရှိတဲ့ ဆင်ခြေဖုံးရပ်ကွက်တွေထဲမှာ အများဆုံး ဖြစ်ပွားခဲ့ပြီး ရဲကလည်း အရေးယူ ဖမ်းဆီးတာမျိုးမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ပျူစောထီးတွေ ရမ်းကားမှု အများဆုံး ကျူးလွန်လေ့ရှိတဲ့ နေရာတွေဟာ အောင်မြေသာစံ၊ ပုသိမ်ကြီး၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်တွေက ဆင်ခြေဖုံး ရပ်ကွက်တွေဖြစ်ပြီး နေ့ညမရွေး ရမ်းကားနေတာကြောင့် လုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။