ဓာတ်ပုံ – Local

ရဲမာန်၊ ဇွန်လ ၁၅ ရက်၊ ကျုံဒိုး

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ် ကော့ဘော်ကျေးရွာမှာ ရက်လည်ပြုလုပ်တဲ့ အိမ်ပေါ်ကို လက်နက်ကြီးကျပေါက်ကွဲလို့ ကလေး ၂ ဦး၊ မိခင် ၁ ဦး နဲ့ အမျိုးသား ၃ ဦး စုစုပေါင်း ၆ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသမီးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တယ် ဇွန်လ ၁၂ ရက် ညနေ ၅ နာရီခန့် အိမ်ဘေးက ရေတွင်းမှာ ရေချိုးနေစဉ်အတွင်း လက်နက်ကြီး ကျရောက်ခဲ့တာလို့ ဒေသခံအမျိုးသမီး က ပြောပါတယ်။

“အခုလည်း ရွာပြန်မ၀င်ရဲကြဘူး။ တချို့ဆို တခြားရွာမှာ သွားနေ နေရတယ်။ညလည်း မအိပ်ရဲဘူး။ တခြားရွာကို ဆိုင်ကယ်သွားလိုက် မနက်ကျရင် အိမ်ကို ပြန်လာကြည့်လိုက် သွားသွားလာလာ လုပ်နေရတယ်။တချို့ဆို ဘားအံဘက်ကို ပြောင်းသွားကြတယ်”လို့ အထက်ပါ အမျိုးသမီးက ဆက်ပြောပါတယ်။

သေဆုံးသွားတဲ့ ကလေး ၂ ဦး ဟာ ယောက်ကျားလေး ၁၀ နှစ် ၊ မိန်းကလေးက ၅ နှစ်တို့ ဖြစ်ပြီး သေဆုံးသွားတဲ့ အမျိုးသမီးကတော့ ၎င်းတို့ရဲ့ မိခင်ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကော့ဘော်ရွာ နဲ့ မနီးမဝေးနေရာမှာတော့ တိုက်ပွဲခဏခဏ ဖြစ်ပွါးလေ့ရှိပြီး ရွာမှာတော့ တိုက်ပွဲ ဖြစ်ပွားတာ မရှိဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက် နေ့လည် ၂ နာရီခန့်မှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ပန်ရပ်ကျေးရွာမှာလည်း စာသင်ကျောင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာ‌ကြောင့် ကလေး ၃ ဦး၊ အမျိုးသား ၁ ဦးနဲ့ ဆရာမ ၁ ဦး သေဆုံးခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။