ဓာတ်ပုံ – THO

မိုင်းပန်ပျော်၊ ဖေဖော်ဝါရီ ၂၆ ရက်၊ နမ့်ဆန်

တအာင်းဒေသက ကျေးရွာတွေမှာ အသက် ၅ နှစ်အောက် ကလေးနဲ့ အရေးပေါ် ကလေးမွေးဖွားတဲ့မိခင်၊ ကိုယ်ဝန်ဆောင် မိခင်တွေကို အရေးပေါ်ဆေးရုံတက်ဖို့ လိုအပ်လာရင် တအာင်းကျန်း‌မာရေး အဖွဲ့အစည်း- THO က ဆေးရုံတက် ကုန်ကျစရိတ်နဲ့ စားစရိတ် ခရီးစရိတ်ကို ထောက်ပံ့ပေးမယ်လို့ THO က ထုတ်ပြန်လာပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ တအာင်းဒေသဖြစ်တဲ့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်နဲ့ လားရှိုး၊ တန့်ယန်း မြို့နယ်က ကျေးရွာပိုင်းတွေ ပါဝင်တယ်လို့ THO ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

“အဓိကကျတော့ အရေးပေါ်ပေါ့နော်။ အရေး‌ပေါ်ဖြစ်မှ ကျမတို့ ပေးတာ။ ဒီငါးနှစ်အောက်ကော ကိုယ်ဝန်ဆောင် ကလေးမွေးမယ့် မိခင်တွေကော သူတို့က ဆေးရုံဆင်းတဲ့စာအုပ်မှာ အန္တရာယ် ရှိနိုင်တယ်ဆိုတဲ့ လက္ခဏာပါရင် ကျ‌မတို့ ထောက်ပံ့ပေးလို့ ရတယ်။ ပြီးရင် တစ်ကယ်လို့ ထောက်ပံ့ကြေးလာထုတ်တယ်ဆိုရင် သူတို့ရဲ့ မှတ်ပုံတင် နံပါတ်တွေ ပါရင်ကို အဆင်ပြေပြီ။ အဓိကကတော့ ရွာပိုင်းတွေကို ထောက်ပံ့ပေးတာပေါ့နော်။ တစ်ကယ့် ရွာထဲမှာနေတဲ့ တစ်ကယ် အခက်အခဲ ကြုံနေရတဲ့လူတွေကို အရေးပေါ် ဖြစ်တဲ့လူတွေကိုပဲ‌ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်”

ဒီထောက်ပံ့ကြေးဟာ လူမျိုးဘာသာမရွေး အကျုံးဝင်ပြီး ထောက်ပံ့ကြေး လာထုတ်ဖို့လိုအပ်ရင် အဆိုပါမြို့နယ်မှာရှိတဲ့ THO ရဲ့ ဆေးပေးခန်းနဲ့ Facebook Page စာမျက်နှာမှာ ချိတ်ဆက်ပြီး ထောက်ပံ့ကြေး ထုတ်ယူလို့ရကြောင်း ၎င်းက ဆက်ပြောပါတယ်။

‌ထောက်ပံ့ကြေး လာထုတ်တဲ့အချိန်မှာ မှတ်ပုံတင်အပြင် ကျေးရွာအတွင်း နေထိုင်သူ ဖြစ်ရမှာဖြစ်ပြီး ဆေးရုံဆင်းတဲ့ စာအုပ်နဲ့ ဆေးဘောင်ချာတွေလည်း ယူဆောင်လာရမှာဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

အခုလို ထောက်ပံ့ကြေး ထုတ်ပေးတာဟာ ရွာပိုင်းမှာ အခက်အခဲ ကြုံရပြီး ဆေးကုသဖို့ မတတ်နိုင်သူ၊ ကလေး သေဆုံးမှုနှုန်းနဲ့ မိခင် သေဆုံးမှုနှုန်းကို လျှော့ချဖို့အတွက် ရည်ရွယ်ပြီး THO က ထောက်‌ပံ့ကြေး ပေးရခြင်းဖြစ်တယ်လို့ ပြောပါတယ်။

THO ဟာ တအာင်းဒေသ မန်တုံ၊ တန့်ယန်း၊ လားရှိုးနဲ့ ကွတ်ခိုင်မှာ ဆေးပေးခန်း ဖွင့်လှစ်ပြီး ကျန်းမာရေးဝန်ဆောင်မှု ပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။