ရွှေဖီမြေ၊ ဇွန်လ ၂၅ ရက်

‎နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်မှာ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်မဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ဦးဆောင်ကျင်းပတဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ UWSA, SSPP, NDAA တို့က တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီပိုင် သတင်းဌာနတွေမှာ ရေးသားထားပါတယ်။

‎အဲဒီပွဲကို ဒီနေ့ ဇွန်လ ၂၅ ရက်ကနေ ၂၇ ရက်အထိ ၃ ရက်ဆက်တိုက် ကျင်းပသွားမှာဖြစ်ပြီး “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ ဦးညီရန်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP မှ စပ်နော်လိတ်နဲ့ မိုင်းလားတပ်လို့ လူသိများတဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NDAA မှ ဦးချစ်ဆွေ စတဲ့ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

‎ဒါ့အပြင် NCA လက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA မှ စောစိန်ဝင်း၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် NMSP မှ နိုင်အောင်မငေး၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU မှ ကျားဆော်လမွန်၊ ကရင်အမျိုးသား အစည်းအရုံး-ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC မှ စော်ကျော်ညွှန့်နဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP မှ စောမြရာဇာလင်း စတဲ့သူတွေလည်း တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

‎တိုင်ရင်းသား လက်နက်ကိုင်တွေအပြင် တရုတ်၊ ထိုင်း၊ ရုရှား၊ အိန္ဒိယနိုင်ငံမှ ပညာရှင်တွေကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

‎အဲဒီဆွေးနွေးပွဲကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့ပြီး ဒီမနက် ဆွေးနွေးပွဲအစမှာ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

‎ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။