ဓာတ်ပုံ – Local

မိုင်းအရှိုင်း၊ ဇွန်လ ၂၇ ရက်၊ မိုးကုတ်

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်တဲ့ မိုးကုတ်မြို့မှာ မိုးတွေအဆက်မပြတ် ရွာသွန်းတာကြောင့် လမ်းပိုင်းနေရာတချို့ ပြိုကျတာတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့အနောက်ပိုင်း ဆက်သွယ်ထားတဲ့လမ်းနဲ့ မိုးကုတ်အနောက်ပိုင်းက ပြောင်းပြင်ရွာအတက်မှာရှိတဲ့ ရတနာရှင်လမ်းတို့ ပြိုကျပြီး လမ်းပိတ်ဆို့သွားမှု ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ အုန်ဒါန်ကျေးရွာနားက ကတ္တရာလမ်းလည်း ပြိုကျခဲ့တယ်လို့ လမ်းရှင်းလင်းရေး ဆောင်ရွက်ပေးတဲ့ မိုးကုတ်ဗျူဟာတပ်သားတစ်ဦး​က ရွှေဖီမြေကိုပြောပါတယ်။

“အဓိကတော့လမ်းကြောင်းပိတ်ဆို့ နေတာတွေ ရှင်းလင်းတာပေါ့။ ဒီမိုးကုတ်ရှေ့ပိုင်းနဲ့အနောက်ပိုင်းကြားက ဘားပြိုတာ လမ်းပိတ်တာတွေကို အကုန်လုံးလုပ်ဖို့ကတော့ စက်အားနဲ့မှရမှာပေါ့”

ဒီနေ့ ဇွန်လ ၂၇ရက်နေ့ မနက်ပိုင်းမှာလည်း မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် အရှေ့ပိုင်းမှာ ရေကြီးရေလျှံမှုလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

မနေ့ ဇွန်လ ၂၆ ရက်နေ့မှာလည်း TNLA ထိန်းချုပ်ဒေသ နမ့်ဆန်မြို့မှာ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး သားအဖ ၂ ယောက် သေဆုံးသွားခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။