ဓာတ်ပုံ – Local

မြတ်နိုး၊ ဇွန် ၁၀၊ ဖားကန့်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မနေ့ ဇွန်လ ၉ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားလို့ စစ်ကောင်စီ ဘက်က သေဆုံးမှုရှိတဲ့အပြင် လက်ဖက်ရည်ဆိုင်မှာလည်း တပ်သား၂ ဦး ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မှော်ဆီစာ ငွေသစ္စာ လက်ဖက်ရည်ဆိုင်မှာ မနေ့ဇွန်လ ၉ ရက် မနက်က လက်ဖက်ရည် လာသောက်တဲ့ စစ်ကောင်စီ ၃ ယောက်ကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ လာရောက် ပစ်လို့ ၂ ယောက် ပွဲချင်းပြီး သေသွားတယ်။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

လုံးခင်းကျေးရွာအုပ်စုဘက်က မဇွပ်ယာန်နဲ့ ဖဝါးမှော် သွားတဲ့လမ်းပေါ်ရှိ တောက်ပကြယ် ကုမ္ပဏီဘက်မှာလည်း မနေ့ ဇွန်လ ၉ ရက်နေ့ မနက် ၁၀ ခွဲခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်း ရောက်လာပြီး ကုမ္ပဏီထဲက ကားတွေကို မီးလိုက်ရှို့တာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“လုံးခင်းဘက် ဘက်ဖိုးတွေကို မီးလိုက်ရှို့နေတဲ့ စစ်ကောင်စီတွေနဲ့လည်း မနေ့က နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်တယ်၊ ၂ ထက်အထိခိုက်ရှိတယ်။ အတိအကျတော့ မသိရဘူး”လို့ ဆိုပါတယ်။

စစ်ကောင်စီတွေက ကထန်မှော်ဘက် စစ်ကြောင်းထိုးချိန် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ က ကြားဖြတ်တိုက်တာလို့ သူက ပြောပါတယ်။

ဒါ့အပြင် ကုဋေမှော် ရေကန်အနီးဘက်မှာ လှုပ်ရှားနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကိုလည်း တော်လှန်ရေးတပ်ဘက်က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ၃ ဦး သေဆုံးပြီး တချို့ ထိခိုက် ဒဏ်ရာရလို့ နောက်ပြန်ဆုတ်သွားနေတယ်လို့လည်း ဆိုပါတယ်။

ကာမိုင်းဘက်က ဧပြီလကုန်ပိုင်းကစ စစ်ကြောင်းထိုး လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မေလကုန်မှာ ဖားကန့်ဘက် ရောက်ရှိလာပြီး မေလဆန်းကစ ဖားကန့် ဒေသရှိ ကျောက်စိမ်း တူးဖော်ရေးသုံး ပစ္စည်းတွေကို နေ့တိုင်းလိုလို လိုက်လံ ဖျက်ဆီး နေတာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။