ဓာတ်ပုံ – Local

အိုက်ပွီး၊ ဇူလိုင်လ ၂ရက်၊ ဖလမ်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဟွာငိုးရမ်) နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့ မနေ့ ဇူလိုင်လ ၃ ရက်နေ့က နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင့် ဒေသခံတွေဆီက သိရပါတယ်။

CDF-Hualngoram ထိန်းချုပ်ထားတဲ့ ရိဒ်ခေါဒါရ်မြို့၊ Satawm ကျေးရွာနဲ့ Lianhna ကျေးရွာမှာ မနေ့က နေ့လယ် ၁၂ နာရီ၊ မိနစ် ၃၀ ခန့်မှာ ဒရုန်း၊ လက်နက်ကြီးကျည်တို့ အသုံးပြုပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“တိုက်ပွဲဖြစ်တာက ရွာနှစ်ရွာမှာ တပြိုင်နက် ဖြစ်ကြတာပါ။ အရင်ရက်တွေကတည်းက အချင်းချင်းတွေ အခြေအနေတင်းမာနေကြတဲ့ အခြေအနေပါ။ မနေ့က ဘယ်အဖွဲ့ကစပြီး ပစ်ကြတာလဲမသိဘူး။ ဒရုန်းတွေ၊ လက်နက်ကြီးကျည်တွေပါ သုံးကြတယ်။”လို့ ရိဒ်ခေါဒါရ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မနေ့ကဖြစ်ပွားတဲ့ တိုက်ပွဲဟာ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု မသိနိုင်ပေမယ့် ထိခိုက်ကျဆုံးမူတွေ ရှိလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ကျေးရွာ ၃ရွာခန့်က ပြည်သူတွေ ရာနဲ့ချီဟာ ရိဒ်ခေါဒါရ်မြို့နဲ့ တခြားကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“တိုက်ပွဲအတွင်း ရွာသားတွေ ထိခိုက်မှု ရှိလာမှာကို စိုးရိမ်နေကြလို့ ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်နေကြတာပါ။ ထွက်မပြေးနိုင်တဲ့သူတွေက ရွာထဲက အိမ်အောက်မှာ ပုန်းခိုနေကြပါတယ်။ မနေ့ကဖြစ်တဲ့ တိုက်ပွဲကလည်း ပြင်းထန်နေတော့ ပြည်သူတွေက စိုးရိမ်ကြတယ်လေ။”လို့ ရိဒ်ခေါဒါရ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိမှာလည်း နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိပြီး နှစ်ဖွဲ့စလုံးက တပ်အင်အား တိုးမြင့်ထားတယ်လို့ သိရပါတယ်။

ရိဒ်ခေါဒါရ်မြို့ဟာ ချင်းလဲန်းကောင်စီ အဖွဲ့ဝင် CDF-Hualngoram က လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်အစောပိုင်းက စစ်ကောင်စီထံမှ သိမ်းယူထားပြီး ဟွာငိုးရမ်ဒေသန္တရကောင်စီဖြစ် အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေတာဖြစ်ပါတယ်။

ဖလမ်းမြို့ကို ချင်းညီနောင်အဖွဲ့ဝင် CNDF က သိမ်းပိုက်ရရှိထားပြီးနောက် ရိဒ်ခေါဒါရ်မြို့ဘက် တပ်အင်အားတိုးချဲ့တာ၊ ဂိတ်အသစ်ဖွင့်လှစ်တာတို့ကြောင့် ပြီးခဲ့တဲ့လတွေကတည်းက နှစ်ဖက်စစ်ရေးတင်းမာနေကြပါတယ်။

ဒါကြောင့် CDF-Hualngoram မှ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့မှာ ရိဒ်ခေါဒါရ်မြို့ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။