မိုင်းရူပ၊ ဇူလိုင် ၅ ရက်

စစ်ကောင်စီနဲ့ တအာင်းတပ်မတော်- TNLA အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်ဖို့ PSLF/ TNLAနဲ့ စစ်ကောင်စီကို တရုတ်​နိုင်ငံက ခေါ်ယူတွေ့ဆုံခဲ့ကြောင်း PSLF/TNLA ရဲ့ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း PSLF/TNLA ကို တရုတ်နိုင်ငံဘက်က ခေါ်ယူတွေ့ဆုံခဲ့ပြီး စစ်ကောင်စီနဲ့ တအာင်းတပ်အကြား တစ်ဖက်နဲ့တစ်ဖက် ထိုးစစ်ဆင်တာတွေရပ်ဖို့၊ အပစ်ရပ်ဖို့နဲ့ အရပ်သားလူထုတွေကို ကာကွယ်ဖို့ တရုတ်ဘက်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ရက်မှာ ကျမတို့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တရုတ်အစိုးရကနေတစ်ဆင့် ကျမတို့ PSLF/TNLA ဗဟို တွေ့ဆုံတာရှိပါတယ်။ စစ်ကောင်စီကိုလည်း တွေ့ဆုံဆွေးနွေးတာရှိပါတယ်။ တရုတ်အစိုးရရဲ့ ကြားဝင်မှုက ခရီးရောက်ပါတယ်။ ကျမတို့ တစ်ဖက်နဲ့တစ်ဖက် အပစ်ရပ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတာမျိုးလည်း ရှိပါတယ်” လို့ ဒီနေ့ ဇွန်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လွေးယေဦးက ပြောပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့နေ့နဲ့ တက်ရောက်ခဲ့သူ အတိအကျကိုတော့ မယေဦးက ထုတ်ဖော်ပြောကြားတာ မရှိပါဘူး။

ဒီတွေ့ဆုံမှုဟာ စစ်ကောင်စီနဲ့ TNLA ကို တရုတ်နိုင်ငံဘက်က တစ်ဖွဲ့ချင်း ခေါ်ယူတွေ့ဆုံတာဖြစ်ပြီး လာမယ့် သြဂုတ်လထဲမှာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ TNLA အကြား တွေ့ဆုံဖို့ ရှိနေပါတယ်။

​မြေပြင်မှာတော့ နောင်ချိုမြို့နယ်ရှိ TNLA တပ်စခန်းတွေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် နောင်ချိုမြို့အနီး တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး နောင်ချိုမြို့ လက်မလွှတ်ရရေးအတွက် ဆက်လက်ခုခံကာကွယ်သွားမယ်လို့ TNLAဘက်က ဆိုပါတယ်။

ဒါ့အပြင် TNLA ထိန်းချုပ်ထားတဲ့ဒေသတွေကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အရပ်သားသေဆုံးမှုတွေလည်း ဆက်လက်မြှင့်တက်နေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။