ဓာတ်ပုံ – ဒေသခံ (ပုံဟောင်း)

လွေးထွေး၊ ဇွန်လ ၁၃ ရက်၊ တန့်ယန်း

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တန့်ယန်းမြို့နယ်နဲ့ လားရှိုးမြို့နယ်ကြားက မိုင်းပတ်စစ်ဆေးရေးဂိတ်မှာ ကုန်တင်ယာဉ် ၁၀ စီးနဲ့ ယာဉ်မောင်း ၁၀ ဦးကို စစ်ကောင်စီတပ်က ၂၄ နာရီကြာ ဖမ်းဆီးခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ကားသမားရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့ ဇွန်လ ၁၂ ရက် မနက်အစောပိုင်းမှာ တန့်ယန်းမြို့နဲ့ မိုင် ၂၀ ဝန်းကျင်သာ ဝေးတဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ – ၁၃၆ တို့က စစ်ဆေးရေးဂိတ် ဖွင့်ထားတဲ့ မိုင်းပတ်ဂိတ်မှာ အုတ်တင်ကား၊ ကုန်ခြောက်တင်ကားနဲ့ ကုန်မာတင်ကား စုစုပေါင်း ၁၀ စီးကို ဖမ်းဆီးထားပြီး ယာဉ်မောင်း ၁၀ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

“အရင်ကလည်း အသွားအလာလုပ်တယ်။ ပုံမှန်ပါဘဲ။ မနေ့ကမှ အရမ်းစစ်တာ။ လိုင်စင်တွေရော၊ ကုန်တွေရော စစ်ပြီးတော့ ကားဘေးထိုးပြီး သူတို့ စခန်းထဲ ခေါ်သွားတာ။ မနေ့တနေကုန်နဲ့ မနေ့ည တညလုံးစစ်တာ။ ဒီမနက်အစောမှ ပြန်လွှတ်ပေးတာ။ ပိုက်ဆံတောင်းတာတော့ မရှိဘူး” လို့ ကိုယ်တိုင်ကြုံခဲ့ရသူ ကားသမားတစ်ဦးက ပြောပါတယ်။

အဲဒီဂိတ်မှာ ခရီးသည်ကားနဲ့ ဆိုင်ကယ်တွေတော့ စစ်ဆေးမေးမြန်းတာ မရှိဘဲ ကုန်တင်ယာဉ်တွေကိုသာ အဓိကထား စစ်ဆေးနေတာလို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်ကလည်း အဲနေရာမှာ ဖြတ်သန်းသွားလာတဲ့ ကုန်တင်ယာဉ်တွေကို တာဝန်ကျ စစ်သားတွေက စစ်ဆေးမေးမြန်းပြီး ငွေကျပ် ၂ သိန်းကျပ်အထိ တောင်းခံတာတွေ လုပ်ခဲ့ဖူးပါတယ်။

အလားတူ ဇွန်လ ၁ ရက်ကစပြီး မနေ့ ဇွန်လ ၁၂ ရက်အထိ တာချီလိတ်ကနေ သယ်လာတဲ့ ထိုင်းထုတ် ကုန်ပစ္စည်းတွေကိုလည်း စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်ဖြစ်တဲ့ တောင်းကြီး – တာချီလိတ်ကြားက တာကော်တံတားမှာ ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။