ပို့လဘား၊ ဇွန်လ ၁၆ ရက်
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ-ကွတ်ခိုင်အစပ်က အနီးတဝိုက်တွေကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လေယာဉ် ၃စီးထက်မနည်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီနေ့ ဇွန်လ ၁၆ ရက် ညနေ ၄နာရီခွဲအကျော်မှာ စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ-ကွတ်ခိုင်မြို့နယ်အစပ်ရှိ မန်ဆာကျေးရွာအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦးက “လေယာဉ် ၄ စီးနဲ့ ၁၀ လုံးလာပစ်တာ။ သူက တစ်ခါပစ်ရင် ၂လုံး အနည်းဆုံး ပစ်တယ်။လူထိမထိမသိရသေးဘူး”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကလည်း စစ်ကောင်စီက ဂျက်လေယာဥ်နဲ့ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ-ကွတ်ခိုင်မြို့နယ်အစပ်ရှိ အဲကျေးရွာအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။