ဓာတ်ပုံ – CJ

မြတ်နိုး၊ ဇွန် ၃၀၊ ဖားကန့်

ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ်၊ လုံးခင်း သုဿာန် အနီးမှာ ဇွန်လ ၃၀ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်က အမျိုးသား ၁ဦး ထပ်မံ ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“လုံးခင်း အပေါ်ကုန်း ဆေးရုံဘက် သင်္ချိုင်းကုန်း လမ်း ဘေးနားမှာ ပစ်သတ်ထားတာ”လို့ ဒေသခံ ၁ဦးက ပြောပါတယ်။

‌ပစ်သတ်ခံရသူက ခန့်မှန်း အသက် ၅၀ ဝန်းကျင်ခန့် ရှိနိုင်ပြီး ဒီနေ့ ဇွန်လ ၃၀ ရက်နေ့ ညနေ ညနေ ၄ နာရီကျော်ခန့်က ပစ်သတ်ခံရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“သူ ဘာလဲ မသိဘူး။ ဘိန်းစားနဲ့လည်း မတူပါဘူး။ ဘာလို့ ပစ်သတ် ခံရလဲ မသိဘူး။ လက်နက်ကိုင်အဖွဲ့က လူလားတော့ မသိဘူး။” လို့ ဒေသခံ လူငယ် တစ်ဦးက ပြောပါတယ်။

လူသေအလောင်းကိုတော့ လုံးခင်း သင်္ဂဟလူမှုကူညီရေးအသင်းက ကူညီကောက်ယူကာ သုဿာန်မှာ ထားရှိ‌ကာ အသိဆွေမျိုးတွေ ဆက်သွယ်လာဖို့ ပြောထားတယ်လို့ သူက ပြောပါတယ်။

ဇွန်လ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်ကလည်း လုံးခင်း ရွာလယ် လမ်းဆုံထောင့်၊ မဲကြီးဖြတ်ခုံ အနီး အသီးဆိုင်နားမှာ အမျိုးသား တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါသေးတယ်။

ဖားကန့်ကို စစ်ကောင်စီစစ်‌ကြောင်း ရောက်ရှိလာပြီးနောက် ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကစ ဇွန်လ ၂၈ ရက်နေ့အထိ စစ်ကောင်စီစစ်ကြောင်းထိုးချိန် သေနတ် နဲ့ လက်နက်ကြီးကျည် ထိမှန်၊ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခံရတာ‌တွေ၊ ယမ်းဂိုဒေါင်တွေ တိုက်ခိုက် ဖျက်ဆီးခံရလို့ သေဆုံးရတဲ့ အရပ်သားတွေ၊ လမ်းဘေး ပစ်သတ်ခံရတဲ့ ဆေးသမားတွေ၊ သတ်ဖြတ်ပြီး ရေထဲအလောင်း ပစ်ခတ်ခံရတာတွေကြောင့် သေဆုံးသွားတဲ့ အရပ်သား စုစုပေါင်း ၃၉ ဦး ရှိလာပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။