လွေးထွေး၊ ဇွန်လ ၁၂ ရက်၊ တန့်ယန်း

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တန့်ယန်းမြို့နယ်မှာ တပ်မိသားစုဝင် အမျိုးသမီးတစ်ဦးက ဓားပြတိုက် သတ်ဖြတ်ခံခဲ့ရပြီး ငွေကျပ် သိန်း ၄၀၀ ပါသွားခဲ့ကြောင်း ဖြစ်စဉ်ကိုသိရသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဇွန်လ ၁၀ ရက် ည ၇ နာရီ ဝန်းကျင်မှာ တန့်ယန်း-နမ့်ပေါင်အထွက် လမ်းမပေါ်မှာ ဆိုင်ကယ်စီးပြီး ပြန်လာတဲ့ အသက် ၄၀ ဝန်းကျင်အရွယ်ရှိတဲ့ အဲဒီအမျိုးသမီး တန့်ယန်းမြို့အထွက် ဆိုင်းဘုတ်အနီးမှာ ဓါးနဲ့ ထိုးသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဖြစ်စဉ်ကို သိရှိသူ အမျိုးသမီးက “သူက စစ်သားမိန်းမဘဲ။ ဘယ်တပ်ကလဲတော့ သေချာမသိဘူး။ သူက နမ့်ပေါင်ဘက်ကနေ အိမ်ပြန်လာတဲ့အချိန် ဓါးထိုးခံရတာ။ ငွေလည်း သိန်း ၄၀၀ လောက်ပါတယ်။ သူ့ဆိုင်ကယ်တော့ မယူသွားဘူး” လို့ ပြောပါတယ်။

၎င်းအမျိုးသမီးဟာ အသက် ၄၀ ဝန်းကျင်အရွယ် ဒေါ်အေးဖြစ်ပြီးတော့ သတင်းမထွက်အောင် စစ်ကောင်စီတပ်က နှုတ်ပိတ်ထားပြီး တရားခံကို ဖမ်းမိအောင် စစ်ဆေးတင်းကြပ်နေတာတွေ လုပ်ဆောင်နေကြောင်း အထက်ပါ အမျိုးသမီးက ဆိုပါတယ်။

တန့်ယန်းမြို့မှာ စစ်ကောင်စီတပ်နဲ့ “ဝ” တပ်တို့ ပူးပေါင်းထိန်းချုပ်နေပြီးတော့ လောင်းကစားဝိုင်းတွေလည်း ၅၀ ကျော် ထပ်တိုးလာတာကြောင့် မကြာခဏ ခိုးမှု၊ လုယက်မှုနဲ့ ဓားပြတိုက်မှုတွေ ဖြစ်ပွားနေပြီး မူးယစ်ဆေးဝါးတွေလည်း အလွယ်တကူ ရနေကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကလည်း တန့်ယန်းမြို့က ရွှေဆိုင်တစ်ခုကို အမျိုးသားတစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆိုင်ရှင်အမျိုးသား သေဆုံးခဲ့သလို ရွှေတွေလည်း ယူဆောင်သွားခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။