ဓာတ်ပုံ – ဒေသခံ

မိုင်းရူပ၊ ဇွန်လ ၁၀ ရက်၊ မန်တုံ

တအာင်းဒေသ မန်တုံမြို့နယ် မိုင်းဘော်(နမ့်ဟိုင်း)ကျေးရွာမှာ တအာင်းတပ်မတော် TNLA ရဲ့ တပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ မိုင်းဘော်ရွာခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက် ည ၇ နာရီဝန်းကျင်မှာ TNLA တပ်ဖွဲ့ဝင်တစ်ဦးက မိုင်းဘော်နဲ့ မိုနွဲ့ကျေးရွာသွားတဲ့ လမ်းခွဲမှာ ဆိုင်ကယ်နဲ့ သွားနေစဥ် လမ်းမှာ ပစ်သတ်ခံရတာ ဖြစ်ပါတယ်။

“မိုင်းဘော်နဲ့ မိုနွဲ့သွားတဲ့ လမ်းမှာ ပစ်သတ်ခံရတာ။ သေနတ်သံတော့ ကြားရတယ်။ သူမသွားခင် မိုင်းဘော်က စားသောက်ဆိုင်မှာ ရန်ဖြစ်ကြတယ်လို့ ကြားတယ်။ သတ်တဲ့ တရားခံတော့ သေသေချာချာ မသိရသေးဘူး” လို့ ဒီဖြစ်စဥ်ကို သိရှိထားတဲ့ မိုင်းဘော်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရွှေဖီမြေထံ ပေးပို့လာတဲ့ ဓာတ်ပုံတွေထဲမှာ ဦးခေါင်းမှာ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဒဏ်ရာတွေ တွေ့ရပြီး သေဆုံးသူရဲ့ဘေးမှာလည်း ကျဥ်ဆံခွံ ၂ တောင့်လည်း တွေ့ရပါတယ်။

ပစ်သတ်ခံခဲ့ရတဲ့ TNLA တပ်ဖွဲ့ဝင်ဟာ မိုင်းယိုင်အင်ဆိုသူဖြစ်ပြီး ဒီနေ့အထိ ပစ်သတ်သွားတဲ့ တရားခံကိုတော့ ဖမ်းဆီးရမိတာ မရှိသေးဘဲ PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က စုံစမ်းနေဆဲလို့ သိရပါတယ်။

မိုင်းဘော်ကျေးရွာမှာ တအာင်းတပ် TNLA နဲ့ ကချင်တပ် KIA တို့ သွားလာလှုပ်ရှားတဲ့နေရာဖြစ်ပြီး ကချင်၊ တအာင်း၊ ရှမ်းနဲ့ တရုတ်စတဲ့ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်တဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။