ရဲမာန်၊ ဇွန်လ ၁၆ ရက်၊ ဖားကန့်
ဖားကန့်မြို့နယ် မှော်ဝမ်းလေး ဆွတ်ငိုင်ယန်ရွာက ကိုယ်ဝန်ဆောင်အမျိုး ၁ ဦး လက်နက်ကြီးစ ထိမှန်တာကြောင့် ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇွန်လ ၁၅ ရက် မနက် ၁ဝ နာရီခွဲဝန်းကျင်မှာ လက်နက်ကြီးစကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့တာပဲ ဖြစ်ပါတယ်။
“ဘယ်ဘက်က ပစ်တယ်ဆိုတာတော့ မပြောတတ်ဘူး။ မနက်က အဲဆွတ်ငိုင်ယန်မှာ ထိတွေ့မူ ဖြစ်နေတာတော့ ကြားနေရတယ်” လို့ ၎င်းအမျိုးသားက ပြောပါတယ်။
လက်နက်ကြီးစကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ တင်ပါးနဲ့လက်မောင်းအပြင် ကျောကို ထိမှန်ခဲ့ပြီး ကိုယ်ဝန်ကတော့ ထိခိုက်မှု မရှိဘူးလို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၆ ရက် ည ၉ နာရီဝန်းကျင်မှာ ဖားကန့်မြို့နယ် လုံးခင်းရွာ ငြိမ်းချမ်းသာယာရပ်ကွက်ကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် ကလေး ၄ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။