ဓာတ်ပုံ – ပြင်ဦးလွင်ခရိုင်ပကဖ

လွေးထွေး၊ ဇွန်လ ၆ ရက်၊ သပိတ်ကျင်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဗုံးထပ်ကြဲလို့ ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူပြီး အရပ်သား ၄ ဦး ဒဏ်ရာရခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖရဲ့ သတင်းတာဝန်ခံ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

သပိတ်ကျင်းမြို့နယ် ကျက်ရိုးပင်ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက မနေ့ ဇွန်လ ၅ ရက် ညနေ ၅ နာရီ ဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။

ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံက “တိုက်ပွဲဖြစ်တာ မရှိပါဘူး။ ဒီအတိုင်း ဘလိုင်းကြဲသွားတာပါ။ ဆက်တိုက်ကြဲနေလို့ လူထုတွေ ဂရုစိုက်နေထိုင်ကြဖို့လိုတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် လူထုတွေက စစ်ကောင်စီတပ်နဲ့ အဝေးကို နေထိုင်ကြဖို့နဲ့ လေကြောင်းရန်ကို ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။

ဇွန်လ ၃ ရက်ကလည်း တိုက်ပွဲဖြစ်တာမရှိဘဲ စဉ့်ကူးမြို့ပေါ်က မြသိန်းတန်ဘုရားနဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲခဲ့လို့ ကျောင်းဆောင် ၂ ခု ပျက်စီးခဲ့ရတာနဲ့ ဇွန်လ ၁ ရက်ကလည်း သပိတ်ကျင်းမြို့နယ် ၄ မိုင်ရွာက စာသင်ကျောင်းကို ဗုံးကြဲခဲ့လို့ နှစ်ထပ်ကျောင်းဆောင် တစ်ဆောင် ပျက်စီးခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေး ၁ လ ထပ်တိုးထားတဲ့ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စဉ့်ကူး၊ သပိတ်ကျင်း စတဲ့မြို့နယ်တွေကို ဗုံးကြဲနေသလို TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်ကိုလည်း မြေပြင်ကနေ ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။