ရွှေဖီမြေ၊ ဇူလိုင် ၃ ရက်
စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ် ၁ စီးက ညခရီးဝေး လေ့ကျင့်ပျံသန်းနေတဲ့အချိန် ရေဒါကနေပျောက်ဆုံးသွားခဲ့တယ်လို့ စစ်ကောင်စီတပ်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်ညနေပိုင်းမှာ ညအချိန်ခရီးဝေး လေ့ကျင့်ပျံသန်းနေတဲ့အချိန် နေပြည်တော်ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၁၃၀ အကွာမှာ ရုတ်တရက် ရေဒါမြင်ကွင်းကနေ ပျောက်ဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ရေဒါကနေပျောက်ဆုံးပြီး အဆက်အသွယ်ပြတ်တောက်နေတဲ့ တိုက်လေယာဉ်ဟာ တာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်အရ စက်ချို့ယွင်းမှုကြောင့် ဒါမှမဟုတ် ရုတ်တရက်ရာသီဥတုဆိုးရွားမှုကြောင့် ပျောက်ဆုံးတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ရာသီဥတု ဆိုးရွားပေမဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကို စေလွတ်ထားပြီး အဆက်သွယ်ပြတ်တောက်သွားတဲ့ တိုက်လေယာဉ် ပျက်ကျနိုင်တဲ့နေရာကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။
ပျောက်ဆုံးသွားရတဲ့ တိုက်လေယာဉ်အမျိုးအစားအသေးစိတ်ကိုတော့ ထုတ်ပြန်ချက်မှာ ရေးသားထားခြင်းမရှိပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။