ပို့လဘား၊ ဇွန်လ ၁၁ ရက်၊ သီပေါ
တအာင်းတပ်-PSLF/TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ သီပေါမြို့နယ်က အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားခဲ့တယ်လို့ နယ်စည်းမခြားပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီနေ့ ဇွန်လ ၁၁ ရက် မနက် ၅ နာရီဝန်းကျင်မှာ သီပေါမြို့ မြို့လယ်ရပ်ကွက်နေ အသက် ၃၀နှစ်အရွယ်ရှိသူ ကိုဂျော့ဟာ စိတ်ကျန်းမာရေးဖောက်ပြီး ရေထဲဆင်းသွားခဲ့တာလို့ ပြောပါတယ်။
“သူစိတ်ကျန်းမာရေးဖောက်ပြီး ရေထဲဆင်းသွားတယ်လို့ သိရတယ်။ အဲဒီပန်တိမ်တောင်တံတားတစ်ခုမှာ သူ့အလောင်းတွေ့ထားလို့ သွားကူညီပေးခဲ့တယ်”
အဆိုပါ ရေနစ်သေဆုံးသွားတဲ့ အလောင်းကိုတော့ နယ်စည်းမခြားပရဟိတအသင်းက သွားရောက်ကူညီပေးခဲ့ပြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့တယ် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်ကလည်း သီပေါမြို့နယ်ထဲက ဒုဌဝတီမြစ်မှာ အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။