ဓာတ်ပုံ – ဒေသခံ

လွေးလာဝ်ဇာရ်၊ ဇွန်လ ၁၂ ရက်၊ နမ့်ခမ်း

တအာင်းတပ် ထိန်းချုပ်တဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် လွယ်ဟွမ်ကျေးရွာအုပ်စု ‌တွန်းကော်ကျေးရွာမှာ ဘတ်ထရီအိုး ပေါက်ကွဲရာကနေ နေအိမ်တစ်လုံး မီးလောင်ပြာကျသွားခဲ့တယ်လို့ သိရပါတယ်။

မနေ့ ဇွန်လ ၁၁ ရက် ည ၈ နာရီမှာ ဘက်ထရီအိုး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ တွန်းကော်က နှစ်ထပ်အိမ်တစ်လုံး မီးလောင်ပြာကျသွားခဲ့ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။

ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးက “မနေ့ညမှ ဖြစ်သွားတာ။ ဘက်ထရီအိုး ပေါက်တာ။ သူတို့အိမ်က နှစ်ထပ်အိမ် မီးလောင်သွားတာ။ သူတို့ရဲ့ ဆုံးရှုံးမှုတန်ဖိုးတော့ များတယ်။ တွန်းကော်ရွာထဲက လူတွေရော ဘေးရွာက တာပုံရွာလည်း ရွာလုံးကျွတ်လာပြီး မီးလာငြိမ်းတယ်” လို့ ပြောပါတယ်။

ဆန်၊ စပါး၊ မြန်မာ‌ငွေ သိန်း ၃၀ နဲ့ တရုတ် ယွမ် ၈ သောင်းအပါအဝင် စုစုပေါင်းတန်ဖိုး သိန်း ၅၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်တုန်းကလည်း သီပေါမြို့မှာ ဖယောင်းတိုင်မီး ထွန်းထားရာကတစ်ဆင့် မဟာမြတ်မုနိကျောင်း‌ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မေလအထိ ရွှေဖီမြေ ရရှိထားတဲ့ စာရင်းအရ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ မိုးကုတ်၊ မိုးမိတ်စတဲ့ မြို့နယ်တွေမှာ မီးလောင်မှု အကြိမ်ရေပေါင်း ၁၈ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။