မိုင်းအရှိုင်း၊ ဇူလိုင် ၅ ရက်၊ နမ့်ဆန်

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းကျေးရွာက နေအိမ်တစ်အိမ်ကို သူခိုးတွေဖောက်ထွင်းဝင်ရောက်ပြီး ပိုက်ဆံ ကျပ်သိန်းပေါင်း ၃၀၀ ကျော်နဲ့ တန်ဖိုးရှိ ပစ္စည်းတွေ ခိုးယူသွားတယ်လို့ နီးစပ်သူ ရွာခံတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

ဖြစ်စဉ်က ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက် နေ့လည်ပိုင်းအချိန် ကာယကံရှင် ဆွေမျိုးရဲ့ အသုဘသွားပို့တဲ့အချိန်မှာ သူခိုးတွေ ဖောက်ထွင်းခဲ့တာဖြစ်ပါတယ်။

နီးစပ်သူ ရွာခံတစ်ဦးက “ပိုက်ဆံက မြန်မာငွေသိန်း ၁၈၀ကျော် နဲ့ တရုတ်ငွေ ၂၅၀၀၀ ကျော်။ ရွှေဆွဲကြိုး ၁ကျပ်သားကျော် တစ်ကုန်း ပါသွားတယ်” လို့ ပြောပါတယ်။

​ဖြစ်စဉ်ဖြစ်ပွားပြီးနောက် TNLA ရဲတပ်ဖွဲ့ လာရောက်စုံစမ်းပေမဲ့ လက်ရှိအချိန်ထိ သူခိုးတွေကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သူက ဆက်ပြီးပြောပါတယ်။

“ရဲတွေလဲခေါ်တယ်။ ဗေဒင်လဲသွားမေးတယ်။ အခုထိတော့ ဘာမှထူးခြားတာမတွေ့သေးဘူး”

ဇယ်တုန်ဟုန်းကျေးရွာမှာ အရင်ကလည်း ဘုန်းကြီးကျောင်းက ဘုန်းကြီးပိုက်ဆံခိုးမှုတွေ ရှိခဲ့ဖူးပြီး အဲတုန်းက သူခိုးတွေကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။