ဓာတ်ပုံ – Local

လွေးလာဝ်ဇာရ်၊ ဇွန်လ ၃ဝ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာ ရပ်ကွက် (၃) မှာ ခိုင်ကြည်ဇင် ဆီဆိုင်က ဆီသိုလှောင်ထားတဲ့နေရာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီနေ့ ဇွန်လ ၃ဝ ရက် မနက် ၁ဝ နာရီခွဲဝန်းကျင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုအတွင်း တခြားသော ထိခိုက်ပျက်စီးမှု မရှိပေမဲ့ ဓာတ်ဆီတွေကိုတော့ ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။

“ဆိုင်ရှင်ကို မေးကြည့်တော့။ သူတို့ရဲ့ ခြံအနောက်မှာ စပြီးလောင်တာတဲ့။ လှမ်းမြင်တော့ အိမ်အပေါ်ကနေ ခေါင်းအုံးတွေ စောင်တွေ မီးငြိမ်းအောင်လို့ဆိုပြီး ပစ်ချတာတဲ့။ အဲကနေပြီး ဆီတိုင်ကီနဲ့ လာကူတာ။ တိုင်ကီအကြီးတွေ လောင်သွားရင် ကွဲမှာလေ။ အဲဟာကို မလောင်အောင်လို့ ရေနဲ့ဖြန်းလိုက်တာ။ အဲထဲမှာရှိတဲ့ ဓာတ်ဆီကို ရေနဲ့ ထိုးထည့် ဆီနဲ့ ရေနဲ့ ရောလိုက်တာ။ ဓာတ်ဆီတွေကိုတော့ ဆုံးရှုံးသွားတာပေါ့” လို့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာ မှော်ရှန်ရက်ကွက်က နေအိမ် (၂) လုံး မီးလောင်ဆုံးရှုံးခဲ့ဖူးပါတယ်။

အဲဒီဆိုင်းတောင်ကျေးရွာမှာ နှစ်စဥ်လိုလို မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ အထက်ပါ အမျိုးသားဆီက သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။