ရွှေဖီမြေ၊ ဇွန်လ ၉ ရက်

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ဒေသမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ လအတွင်း ကလေး ၉ ဦး အပါအဝင် အရပ်သား ၇၅ ဦးသေဆုံးခဲ့ပြီး ကလေး ၁၈ ဦး အပါအဝင် အရပ်သား ၁၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ယက် TCSN က ဒီနေ့ ဇွန်လ ၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မေလအထိ ၅ လအတွင်း TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်၊ ရှမ်းမြောက် ကျောက်မဲ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နောင်ချို၊ မန်တုံ စတဲ့မြို့နယ် ၆ ခုကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၇၂ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၉ ဦး၊ဒေသခံ အမျိုးသား ၄၇ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၇၅ ဦးသေဆုံးခဲ့ပြီး ကလေး ၁၈ ဦး၊ ဒေသခံ အမျိုးသမီး ၂၆ ဦး၊ အမျိုးသား ၆၈ ဦး စုစုပေါင်း ၁၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၅၇ အိမ်၊ ပြည်သူ့ဆေးရုံ ၂ ခု၊ စာသင်​ကျောင်း ၅ ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၆ ကျောင်းလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အခုလို တိုက်ပွဲဖြစ်ပွားတာမရှိပဲ လေကြောင်းစာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံ၊ စျေးနဲ့ လူစုဝေးရာနေရာတွေကိုတိုက်ခိုက်တာတွေ ရပ်တန့်ဖို့ စစ်ကောင်စီကို နိုင်ငံတကာအဖွဲ့အစည်းတွေက ဝိုင်းဝန်း ဖိအားပေးဖို့ TCSN ကတောင်းဆိုထားပါတယ်။

ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်ကောင်စီထံ လက်နက်တွေ မရောင်းပေးဖို့၊ နိုင်ငံတကာစာချုပ်မှာ တားမြစ်ပိတ်ပင်ထားတဲ့ ဓာတုလက်နက်ပစ္စည်းအသုံးပြုတာတွေ ရပ်တန့်ဖို့၊ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) တရားသူကြီးမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုရုံး (ICC) ကို လွှဲပြောင်းခြင်းအပေါ် လက်ခံပေးပြီး အမြန်ဆုံး လက်တွေ့အကောင်အထည်ဖော်ပးဖို့လည်း တောင်းဆိုထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။