ရဲမာန်၊ ဇွန် ၂၅ ရက်၊ မော်ချီး
ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကောင်စီမှ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ လူ ၇ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇွန်လ ၂၅ ရက် နေ့လည် ၁၁ နာရီ၀န်းကျင်မှာ မော်ချီးဒေသ ရပ်ကွက် ၁၅ က ခဲကျင်းကို ပေါင် ၂၀၀ ဗုံး ၁ လုံးလာကြဲတိုက်ခိုက်သွားတာလို့ ၎င်းက ပြောပါတယ်။
“တိုက်ပွဲဖြစ်နေတာတော့ ဖားဆောင်းဘက်မှာ မော်ချီးဘက်ကို သက်သက်ကိုလာကြဲသွားတာ။အဲ့ကျင်းက လူအများဆုံးရှိတဲ့ကျင်း။အဲ့ကျင်း တည့်တည့်ကို ကျပြီး ကြွင်းပိတ်သွားတယ်”
သေဆုံးသွားတဲ့ ၇ ဦးစလုံးဟာ အမျိုးသားတွေချည်း ဖြစ်တယ်လို့ ၎င်းကပြောပါတယ်။
ခဲကျင်းပေါ်က ပိတ်မိတဲ့အရာတွေကို ကယ်ဆယ်ရေးအဖွဲ့မှ ဖယ်ရှားပြီး လူတွေကို ကယ်ထုတ်မှုပြုလုပ်နေပြီလို့ နောက်ထပ်ဖြစ်စဉ်သိရှိသူအမျိုးသားက ပြောပါတယ်။
ဖားဆောင်းမြို့နယ် မော်ချီးဒေသကို လေကြောင်းနဲ့တိုက်ခိုက်မှုဟာ ဒီတစ်ကြိမ်အပါအ၀င် ၆ ကြိမ်မြောက်ရှိပြီလို့ ၎င်းက ပြောပါတယ်။
၂၀၂၅ ဧပြီ ၂၄ရက်မှာ စစ်ကောင်မှ မော်ချီးဒေသကို ပေါင် ၅၀၀ ဗုံးနဲ့လာကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးနဲ့ ကလေးအပါအ၀င် လူ ၆ ဦးသေဆုံးမှုလည်း ရှိခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။