ဓာတ်ပုံ – ဒေသခံ

လွေးထွေး၊ ‌ဇွန်လ ၁၀ ရက်၊ မိုးကုတ်

မန္တလေးတိုင်း မိုးကုတ်မြို့မှာ သဲတင်တဲ့ကားတစ်စီးက ရပ်ကွက်ထဲက အသက် ၆၂ အရွယ် အဖွားကို တိုက်မိလို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဖြစ်စဉ်ကိုသိရသူ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

မနေ့ ဇွန်လ ၉ ရက် နေ့လယ် ၁ နာရီ ဝန်းကျင်မှာ မင်းတံတားကနေ မိုးကုတ်မြို့ ရှောလီဝိုင်း ရပ်ကွက်ဘက်ကို သဲတင်လာတဲ့ကားက ကားနောက်ဆုတ်ဖို့ လုပ်နေချိန်မှာပဲ အသက် ၆၂ အရွယ် ယာမချိုဆိုသူကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

“အိမ်ဆောက်ဖို့ သဲတင်လာတာ။ သူကားနောက်ဆုတ်ရင်း ဝင်တိုက်တာ။ ခြေထောက်ထိသွားတာ။ အဲတာကို ဆေးရုံပို့ဖို့ လုပ်နေကြတုန်းမှာဘဲ သေသွားတာ” လို့ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

ဇွန်လ ၁၀ ရက် မနက်အထိ ၎င်းအမျိုးသားကို မိုးကုတ်ရှိ တအာင်းတပ်ရဲ့ ရဲတပ်ဖွဲ့က ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။

မိုးကုတ်မြို့မှာ မကြာခဏ ယာဉ်တိုက်မှုတွေ ဖြစ်ခဲ့ပေမဲ့ အခုလို လူသေဆုံးတာတော့ မရှိသေးကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

၎င်းဖြစ်စဉ်မျိုး မိုးကုတ်မြို့မှာ ထပ်မဖြစ်ရအောင် ယာဉ်ကြီး၊ ယာဉ်ငယ် မောင်းသူတွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာပြီး ဂရုတစိုက် မောင်းကြဖို့ မိုးကုတ်ဒေသခံတွေက တောင်းဆိုထားကြပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။