ဓာတ်ပုံ – Local

အိုက်ပွီး၊ ဇွန်လ ၃၀ ရက်၊ ပြည်

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ နဝဒေးတံတားရှိ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတဲ့ ရခိုင်ပြည်နယ်က ဒေသခံ ၄၆ ဦးကို စစ်ကောင်စီတပ်က စစ်သင်တန်းသို့ ပို့ဆောင်နေတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်က အသက် ၁၆ နှစ်မှ ၃၀ နှစ်ကြားရှိ အမျိုးသား၊ အမျိုးသမီးတွေဟာ ရန်ကုန်သို့ သွားရောက်စဥ် ပြည်မြို့နယ်၊ နဝဒေးတံတားရှိ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတာပါ။

ဖမ်းဆီးခံရစဥ်က သူတို့ကို ပြည်မြို့အခြေစိုက် အမှတ် (၉၅၉) တပ်ရင်းမှာ ခေါ်ဆောင်သွားပြီးနောက် အဲဒီတပ်ရင်းမှတဆင့် စစ်သင်တန်းပို့ဆောင်တာဖြစ်ပြီး ဘယ်စစ်သင်တန်းကို ပို့ဆောင်ထားတာကို မသိရှိရဘဲ အဆက်သွယ်ပြတ်နေပါတယ်။

“အဖမ်းခံရတုန်းက ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာ အဆက်သွယ် ကောင်းကောင်း လုပ်လို့ ရသေးတယ်။ စိတ်မပူကြဖို့လည်း မှာသွားသေးတယ်။ သူတို့လည်းအဆင်ပြေတယ်ပေါ့။ နှစ်ရက်လောက် အဆက်သွယ်က ပြတ်သွားတယ်။ သေချာ စုံစမ်းကြည့်တော့ စစ်သင်တန်းကို ပို့ထားတယ်လို့ ကြားတယ်။ ဘယ်နေ့က၊ ဘယ်အချိန်မှာ ပို့ထားလဲဆိုတာ မသိရဘူး။” လို့ ရန်ကုန်မှာရှိတဲ့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား တစ်ဦးတို့ကို စစ်ကောင်စီတပ်က ငွေကျပ် သိန်း ၅၀ တောင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

“ဇွန် ၂၅ ရက်၊ ဇွန် ၂၇ ရက်နေ့၊ ရှေ့ဆင့်၊ နောက်ဆင့် နှစ်ဖွဲ့အဖမ်းခံရတာလို့ ကြားသိရတယ်။ လူဦးရေတော့ တိတိကျကျ မသိရဘူး။ အဲထဲမှာ အသက် ၄၀ ကျော်တွေကို ငွေကျပ် သိန်း ၅၀ တောင်းပြီး ပြန်လွှတ်ပေးတယ် ကြားတယ်။”လို့ ရန်ကုန်မှာရှိတဲ့ အဖမ်းခံရသူနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ဆက်ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ရန်ကုန်မှာ ကျောင်းတက်ဖို့နဲ့ ရခိုင်မှာ အလုပ်အကိုင်ရှားပါးပြီး မိသားစုစားဝတ်နေရေး ခက်ခဲမှုတို့ကြောင့် ရန်ကုန်မှာ အလုပ်လုပ်ဖို့နဲ့ နိုင်ငံခြားမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

“သူတို့တွေက ပွဲစားခ ၁၀ သိန်းကျော် ပေးပြီး ရန်ကုန်ကို ပွဲစားလမ်းပြနဲ့ ခြေကျင်နဲ့သွားကြတာပါ။ ရွာဘက်မှာ အလုပ်မရှိလို့၊ ကျောင်းမတက်ရလို့ ရန်ကုန်မှာ ကျောင်းတက်ဖို့ အလုပ်လုပ်ဖို့ သွားကြတဲ့သူတွေပါ။တချို့ကျတော့လည်း မလေးရှား၊ ထိုင်းအလုပ်လုပ်မယ်သူတွေလည်းပါတယ်။”လို့ ရန်ကုန်မှာရှိတဲ့ အဖမ်းခံရသူနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ဆက်ပြောပါတယ်။

အာရက္ခတပ်တော်(အေအေ) က စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေကို ရခိုင်ကနေ ပြည်မထွက်ခွာဖို့ ကန့်သတ်ထားပေမယ့် မိသားစုစားဝတ်နေရေးနဲ့ ကျောင်းတက်ဖို့ လူငယ်တွေဟာ ပွဲစားမှတဆင့် ပြည်မကို ထွက်ခွာမှုတွေရှိနေသေးပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။