ဓာတ်ပုံ – KNDF အမှတ် ၈

ရဲမာန်၊ ဇူလိုင် ၃ ရက်၊ ကရင်နီ

ကရင်နီအမျိုးသားများကာကွယ်‌ရေးတပ် (KNDF) အမှတ် ၈ တပ်ရင်းမှာ တာ၀န်ထမ်းဆောင်နေတဲ့ ဒုရင်းမှူး ဝိစတန်အပါအ၀င် ၃ဦး ကျဆုံးသွားခဲ့တယ်လို့ KNDF အမှတ် ၈ တပ်ရင်းမှ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်က ကရင်နီပြည်နယ် တိုက်ပွဲတစ်နေရာမှ စစ်ကောင်စီတပ်နဲ့ အပြန်အလှန်ပစ်ခတ်ရင်း ဒုရင်းမှူးဝိစတန်၊ တပ်ခွဲ(၁)တပ်စိပ်မှူး‌‌ ဇော်၀မ်းနဲ့ တပ်သားစတီးဖင်းတို့ ကျဆုံးသွားကြောင်း ထုတ်ပြန်ထားပါသည်။

“သူ့မွေးနေ့က ၂၅ရက်‌‌နေ့ ၂၃ရက်နေ့လောက်မှာ ရှေ့တန်းသွားတယ်။ မွေးနေ့ပြီးမှ သွားလေလို့ ပြောတာမရဘူး။ ရဲဘော်တွေကိုစိတ်မချဘူးတဲ့”လို့ KNDF အမှတ် ၈ မှာ တာ၀န်ထမ်းဆောင်နေတဲ့ တပ်စိပ်မှူးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒုရင်းမှူး ဝိစတန်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်လည်ပိုင်းမှာ KNDF အမှတ် ၈ တပ်ရင်းက ဖွင့်လှစ်တဲ့ အပတ်စဉ် ၂ စစ်သင်တန်းမှာ တပ်သားအဖြစ် စတင်တာ၀န်ထမ်းဆောင်ခဲ့ပြီး ၂၀၂၄ ‌ဧပြီ ၂၈ အရောက်မှာတော့ KNDF အမှတ် ၈ တပ်ရင်းရဲ့ ဒုရင်းမှူးတာ၀န်အဖြစ် ထမ်းဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ဒုတပ်ရင်းမှူး ဝိစတန်က စကားနည်းတယ်။ရဲဘော်တွေကို အမိန့်သုံးပြီး ပြောဆိုတာမရှိဘူး။ တစ်ခုခုဆို အရှေ့ကနေ ဦးဆောင်တယ်။ တိုက်ရည်ခိုက်ရည်လည်း ကောင်းမွန်သူဖြစ်တယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

၎င်းက ဒုရင်းမှူး ဝိစတန်က တာ၀န်ထမ်းဆောင်ချိန်မှ စပြီး ၎င်းကို အကိုတစ်ယောက်လို စောင့်ရှောက်ပေးခဲ့ပြီး အခုကျဆုံးမှု အပေါ်မှာ အကိုတစ်ယောက်ဆုံးရှုံးလိုက်ရသလို ခံစားနေရကြောင်း ဆက်ပြောပါတယ်။

ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်း‌တွေရဲ့ မိသားစုနဲ့အတူ ထပ်တူထပ်မျှ၀မ်းနည်းကြောင်းအပါအဝင် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း KNDF အမှတ် ၈ တပ်ရင်းမှ ထုတ်ပြန်ထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။